ပညာရေးညီလာခံ(၂၀၂၃)ကျင်းပရေး အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်   မတ်  ၂၉


ပညာရေးညီလာခံ (၂၀၂၃)ကျင်းပ ရေး အကြိုညှိနှိုင်းအစည်းအဝေး ကို   ယနေ့နံနက်  ၁၀  နာရီက နေပြည်တော် ပညာရေးဝန်ကြီး ဌာန     အစည်းအဝေးခန်းမ၌ ကျင်းပရာ     ပညာရေးဝန်ကြီး ဌာန         ပြည်ထောင်စုဝန်ကြီး   ဒေါက်တာညွန့်ဖေ၊      ဒုတိယ ဝန်ကြီးများ၊    ဆက်စပ်ဝန်ကြီး ဌာနများမှ  အမြဲတမ်းအတွင်းဝန် များ၊   ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊  ကျောင်းအုပ် ကြီးများနှင့်     တာဝန်ရှိသူများ တက်ရောက်ကြသည်။

 


ကျင်းပရန် စီစဉ်ဆောင်ရွက်


ဦးစွာ ပြည်ထောင်စုဝန်ကြီး က  မြန်မာနိုင်ငံ၏ အနာဂတ်ပညာ ရေး  ကောင်းမွန်စေရေးအတွက် ရည်ရွယ်ကျင်းပသည့်   ပညာရေး ညီလာခံကို ပညာရေးဝန်ကြီးဌာန နှင့်    ဆက်စပ်ဝန်ကြီးဌာနများ ပူးပေါင်း၍      နေပြည်တော်၌ ကျင်းပရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ ဦးတည်ချက်(၁၂)ရပ်အနက်မှ လူမှုရေးဦးတည်ချက် တစ်ရပ်ဖြစ်သည့်  “ခေတ်မီဖွံ့ဖြိုး တိုးတက်သော   ဒီမိုကရေစီနိုင်ငံ တော် တည်ဆောက်ရေးအတွက် လိုအပ်သည့်   လူ့စွမ်းအားအရင်း အမြစ်များ       မွေးထုတ်နိုင်ရန် ဘက်စုံပညာရေးကဏ္ဍ   မြှင့်တင် ရေး” ဦးတည်ချက်ကို အောင်မြင် စွာ အကောင်အထည်ဖော်နိုင်ရန် ပညာရေးညီလာခံကို       ကျင်းပ ရခြင်းဖြစ်ကြောင်း၊   လူ့စွမ်းအား အရင်းအမြစ်များ ပြုစုပျိုးထောင် နိုင်ရန်အတွက် ကျောင်းနေအရွယ် ကလေးအားလုံး KG+9 မဖြစ်မနေ ပြီးမြောက်အောင်မြင်ရေး၊ ပညာ သင်ယူမှု      အခွင့်အလမ်းများ မြှင့်တင်ရေး၊ ကျောင်းတက်ရောက် သူဦးရေ ပိုမိုတိုးတက်လာစေရေး၊  KG+9   အလွန်  ပညာရေးအခွင့် အလမ်း       ဖွံ့ဖြိုးတိုးတက်ရေး၊ သက်မွေးပညာ  စဉ်ဆက်မပြတ် သင်ယူလေ့ကျင့်ရေး၊  အဆင့်မြင့် ပညာ တိုးတက်အောင်မြင်ရေးနှင့် အသိပညာရှင်၊  အတတ်ပညာရှင် များ မွေးထုတ်ရေး၊ အရည်အသွေး ရှိသော     ဆရာ      ဆရာမများ ဖြည့်ဆည်းလေ့ကျင့် ပျိုးထောင်ရေး အစရှိသည့်  ဆွေးနွေးပွဲခေါင်းစဉ် များကို    အသေးစိတ်   ဝိုင်းဝန်း ဆွေးနွေး    သတ်မှတ်ပေးကြစေ လိုကြောင်း ပြောကြားသည်။

 


ထို့နောက်    ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က အနာဂတ် ပညာရေးအတွက် ရှေ့လုပ်ငန်းစဉ် များ    ပေါ်ထွက်လာရေးဆိုင်ရာ များကိုလည်းကောင်း၊   ဒုတိယ ဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက ညီလာခံစာတမ်း          ဖတ်ကြား ဆွေးနွေးရေးနှင့်    ပြခန်းများ ခင်းကျင်းပြသရေးဆိုင်ရာ ကိစ္စရပ် များကို ရှင်းလင်းပြောကြားသည်။

 


ပြန်လည်ဆွေးနွေးညှိနှိုင်း


ယင်းနောက်  ဆက်စပ်ဝန်ကြီး ဌာနများမှ   အစည်းအဝေးတက် ရောက်လာသူများက      ညီလာခံ ဆွေးနွေးပွဲခေါင်းစဉ်တစ်ခုချင်းစီအလိုက်လည်းကောင်း၊  ပညာရေး ကဏ္ဍများကို   အုပ်စုလိုက် လည်း ကောင်း    အသေးစိတ်ဆွေးနွေး ကြပြီး  ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်က     ပြန်လည်ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ကာ    အစည်း အဝေးကို  ညနေပိုင်းတွင် ရုပ်သိမ်း လိုက်ကြောင်း သိရသည်။  


သတင်းစဉ်