
ရန်ကုန် မတ် ၂၈
မြန်မာနိုင်ငံ ပလတ်စတစ်လုပ်ငန်းရှင်များ အသင်းနှင့် အိန္ဒိယနိုင်ငံမှ Smart Expos Fairs India Private Ltd. တို့ ပူးပေါင်းကျင်းပမည့် (၆) ကြိမ်မြောက် နိုင်ငံတကာ ပလတ်စတစ် ကုန်စည်ပြပွဲကို ရန်ကုန်မြို့ ပြည်လမ်းရှိ နိုဗိုတယ်ဟိုတယ်(ရန်ကုန်)၌ မတ် ၂၉ ရက်မှ မတ် ၃၁ ရက်အထိ သုံးရက်ကြာ ကျင်းပမည် ဖြစ်သည်။
ပြပွဲတွင် ပလတ်စတစ်စက်ရုံများအတွက် လိုအပ်သည့် ကုန်ကြမ်းများ၊ စက်ပစ္စည်း ကိရိယာများအပြင် ပုံနှိပ်လုပ်ငန်း၊ ထုပ်ပိုး စက်ရုံများအတွက် လိုအပ်သည့် ပစ္စည်းများကို အိန္ဒိယ၊ တရုတ်၊ စင်ကာပူ၊ မြန်မာနိုင်ငံများမှ လုပ်ငန်းရှင်တို့က ပါဝင်ပြသသွားမည်ဖြစ်ပြီး ပလတ်စတစ်လုပ်ငန်း စတင်လိုသူများနှင့် လုပ်ငန်းချဲ့ထွင်လိုသူများအတွက် နည်းပညာ၊ ကုန်ကြမ်းနှင့် စက်ပစ္စည်းတို့ကို လေ့လာ ကြည့်ရှုနိုင်ပြီး မည်သူမဆို အခမဲ့ဝင်ရောက် လေ့လာနိုင်ကြောင်း သိရသည်။
မျိုးမင်းသူရ