အိန္ဒိယနိုင်ငံမှ အဓိကဝယ်ယူနေသည့် ပဲစင်းငုံစျေး နှစ်ရက်အတွင်း ကျပ် ၄၅၀၀ ခုန်တက်

 

မုံရွာ  မတ်  ၂၅
အိန္ဒိယနိုင်ငံမှ အဓိကဝယ်ယူနေသည့်  ပဲစင်းငုံ စျေးသည် မုံရွာစျေးကွက်တွင် နှစ်ရက်အတွင်း တစ်တင်းလျှင်   ကျပ်  ၄၅၀၀  ခုန်တက်သွား ကြောင်း မုံရွာပဲစင်းငုံ ရောင်းဝယ်သူများထံမှ သိရသည်။
ပဲစင်းငုံပိဿာ ၂၀ (တစ်တင်း)စျေးနှုန်း သည်        ပြီးခဲ့သည့်နှစ်က    သြဂုတ်လနှင့် စက်တင်ဘာလတွင်   ကျပ်    ၆၈၅၀၀     ဖြင့် အမြင့်ဆုံးစျေးဖြစ်ခဲ့ပြီး ယခုနှစ်တွင် မတ်လမှ စတင်ကာ  ကျပ် ၇၅၀၀၀ စျေးဖြင့်   အမြင့်ဘက် တွင် ရှိနေသည်။
“ပဲစင်းငုံက ဒီဇင်ဘာ၊ ဇန်နဝါရီဆိုရင်စပြီ။ အခုက တောင်သူတွေလက်ထဲ  ပဲစင်းငုံမရှိကြ တော့ဘူး။  ထွက်ကတည်းက  မလှောင်ကြဘဲ အကုန်ထုတ်ရောင်းနေကြတာပါ” ဟု ပဲစင်းငုံ ရောင်းဝယ်သူတစ်ဦးက ပြောသည်။
ယခုနှစ်   စျေးကွက်အစ  ဒီဇင်ဘာလနှင့် ဇန်နဝါရီလက     ပဲစင်းငုံတစ်တင်းလျှင်   ကျပ် ၅၄၀၀၀ စျေးဖြင့် စဖွင့်ခဲ့ကြပြီး ပဲစင်းငုံများကို မကွေးတိုင်းနှင့်          စစ်ကိုင်းတိုင်းဒေသကြီး အတွင်း   အပူပိုင်းဒေသများဖြစ်သည့်    မကွေး၊ ကျောက်ပန်းတောင်း၊        ပခုက္ကူ၊      မုံရွာ၊ နတ်မောက်၊  ရေနံချောင်းမြို့နယ်များ၌ အဓိက စိုက်ပျိုးကြသည်။          မျိုးဝင်းထွန်း (မုံရွာ)