ကယားပြည်နယ် အစိုးရအဖွဲ့မှ ယာယီတိုက်ပွဲရှောင်စခန်းများ၌ နေထိုင်ကြသည့် ပြည်သူများအား ထောက်ပံ့ငွေနှင့် အခြေခံစားသောက်ကုန်များ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်

 

လွိုင်ကော်     မတ်   ၂၅
ကယားပြည်နယ်   ဝန်ကြီးချုပ်     ဦးဇော်မျိုးတင်  ဦးဆောင်၍ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ  များမှ တာဝန်ရှိသူတို့က ယာယီတိုက်ပွဲရှောင် ပြည်သူ များနေထိုင်သည့် လွိုင်ကော်မြို့ ယာယီတိုက်ပွဲရှောင် စခန်းများသို့   ယနေ့နံနက် ၉ နာရီက သွားရောက်၍ ယာယီတိုက်ပွဲရှောင်   ပြည်သူများအား   ထောက်ပံ့ ငွေနှင့်   အခြေခံစားသောက်ကုန်များကို  လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်သည်။ 
ရှေးဦးစွာ     ပြည်နယ်ဝန်ကြီးချုပ်နှင့်    တာဝန် ရှိသူများသည်  သီရိမင်္ဂလာပုံဟော်ကြီးကျောင်းသို့  သွားရောက်၍  ကျောင်းထိုင်ဆရာတော်အား ဖူးမြော် ကြည်ညိုပြီး လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း ခဲ့သည်။ 
ထို့နောက်    ယာယီတိုက်ပွဲရှောင်    ပြည်သူများ  နေထိုင်သည့် သီရိမင်္ဂလာပုံဟော်ကြီး ဘုန်းတော်ကြီး ကျောင်း ၊ စေတမာန်သီလရှင်ကျောင်းနှင့် ဧဗနေဇာ  ဘုရားကျောင်းများရှိ ယာယီတိုက်ပွဲရှောင်စခန်းများ သို့ သွားရောက်ပြီး ယာယီတိုက်ပွဲရှောင် ပြည်သူများ အား အသား ၊ ငါးရိက္ခာစိုများဝယ်ယူရန် ထောက်ပံ့ငွေ နှင့်   အခြေခံစားသောက်ကုန်  ဆန်၊  ဆီ၊  ဆား၊  ပဲ များကို  လက်ဝယ်အရောက်ပေးအပ်ခဲ့ကာ  ယာယီ နေထိုင်သည့်     အိပ်ဆောင်၊   ထမင်းစားဆောင်၊ သောက်သုံးရေကန်၊  ရေချိုးခန်းနှင့်  သန့်စင်ခန်းများ အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ကို   ထပ်မံဖြည့်ဆည်း  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)