(၇၈) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌဖလား ဖိတ်ခေါ်စက်ဘီးစီးပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ

 

နေပြည်တော်   မတ်   ၂၅


(၇၈) နှစ်မြောက်  တပ်မတော်နေ့ ကို  ကြိုဆိုဂုဏ်ပြုသောအားဖြင့်  မန္တလေးတိုင်းဒေသကြီး  လူငယ် ရေးရာကော်မတီ   ဥက္ကဋ္ဌဖလား အမျိုးသား   ကီလိုမီတာ   ၃၀ ကျုံးသုံးပတ်နှင့်      အမျိုးသမီး ကီလိုမီတာ   ၂၀  ကျုံးနှစ်ပတ် ဖိတ်ခေါ်    စက်ဘီးစီးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက  မန္တလေးမြို့ ကျုံး၏   အရှေ့မြောက်ထောင့်ရှိ ရတနာပုံဥယျာဉ်၌    ကျင်းပရာ အလယ်ပိုင်းတိုင်း   စစ်ဌာနချုပ် တိုင်းမှူး    ဗိုလ်ချုပ်  ကိုကိုဦး၊ တိုင်းဒေသကြီးမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊  ပြိုင်ပွဲဝင် စက်ဘီးစီး အားကစားသမားများ၊ အားကစား    ဝါသနာရှင်များနှင့် ဒေသခံပြည်သူများ   တက်ရောက် ကြသည်။

 


ဦးစွာ တိုင်းမှူးက တာလွှတ် နေရာဖြစ်သည့်     ၂၆  လမ်းနှင့် ၇၃ လမ်းထောင့် ကျုံးတောင်ဘက် မင်္ဂလာတံတား အချက်ပြနေရာမှ သေနတ်ပစ်ဖောက် တာလွှတ်ရာ ပြိုင်ပွဲဝင်  အားကစားသမားများ က   သတ်မှတ်လမ်းကြောင်းများ အတိုင်း    စီးနင်းယှဉ်ပြိုင်ကြပြီး ပန်းဝင်လာကြသူများကို  တိုင်းမှူး နှင့် တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြသည်။

 


 ထို့နောက်    တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုရရှိကြသူ များအား   ဂုဏ်ပြုဆုငွေများနှင့် ဆုတံဆိပ်များ    ပေးအပ်ချီးမြှင့် ကြသည်။

 


ယင်းနောက်      တိုင်းမှူးက ပြိုင်ပွဲတွင်   အသက်အကြီးဆုံး အားကစားသမား       နှစ်ဦးအား အထူးဆု      ဂုဏ်ပြုဆုငွေနှင့် ဆုတံဆိပ်တို့ကို    ထပ်မံချီးမြှင့် သည်။ အဆိုပါပြိုင်ပွဲသို့ ပြိုင်ပွဲဝင် အားကစားသမား ၁၆၆ ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။

 


ထို့ပြင်  (၇၈)  နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့်  ကျပန်းစကားပြော ပြိုင်ပွဲကို    မတ်   ၂၃  ရက်တွင် ကျင်းပခဲ့ပြီး  တိုင်းစစ်ဌာနချုပ်နှင့်       ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့ များမှ မိသားစုဝင်   ၁၂  ဦး ပါဝင် ယှဉ်ပြိုင်ကြကြောင်း   သိရသည်။        

             
သတင်းစဉ်