အမ်းမြို့နယ်၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် အရင်းမပျောက်မတည်ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကျင်းပ

 

အမ်း  မတ် ၂၅


ရခိုင်ပြည်နယ်      အမ်းမြို့နယ်၌ ရခိုင်ပြည်နယ်          အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဖြင့်         အကောင်အထည်ဖော် ဆောင်ရွက်မည့်  သမဝါယမနှင့် အသေးစား  အလတ်စားလုပ်ငန်း ကဏ္ဍ    အရင်းမပျောက်  မတည် ရန်ပုံငွေ  လွှဲပြောင်းပေးအပ်ပွဲကို မြို့နယ်အထွေထွေ  အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ မတ် ၂၄ ရက်က ကျင်းပသည်။

 


ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက် က          နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေသည် ၂၀၂၂ ခုနှစ် ၈လ ပိုင်းမှ  စတင်ဆောင်ရွက်ရန်လျာ ထားပါကြောင်း၊    သမဝါယမ အသင်းအနေဖြင့်   အသင်း နှစ် သင်းကို  နိုင်ငံတော်ပိုင်ငွေဖြစ် သည့်အလျောက် ငွေကိုစနစ်တကျ ကိုယ်ပိုင်လုပ်ငန်းတွင်     အကျိုး ရှိရှိ အသုံးချရန်လို အပ်ပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး  ရန်ပုံငွေ သည် တောင်သူလယ်သမားဘဝ၊ လူမူစီးပွား   ဘဝဖွံ့ဖြိုးတိုးတက် အောင်     ဆောင်ရွက်မည်ဖြစ်ပါ ကြောင်း ပြောကြားသည်။

 


လွှဲပြောင်းပေးအပ်


ထို့နောက်   ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေ    ငွေကျပ်သန်း ၂၇ ဒသမ ၀၀ သန်းအား  ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ   ဦးအောင် ဇော်ထက်နှင့် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မြင့်တို့က သမဝါယမအသင်း   နှစ်သင်းမှ ကျေးရွာကြီးကြပ်မှုကော်မတီများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။


စိုးမင်းထွန်း(ပြန်/ဆက်)