(၇၈)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ပါဝင်စစ်ရေးပြကြမည့် စစ်ရေးပြစစ်ကြောင်းကြီးများ ဝတ်စုံပြည့်စစ်ရေးပြလေ့ကျင့်

 

နေပြည်တော်    မတ်    ၂၄


၂၀၂၃  ခုနှစ်     မတ်လ   ၂၇  ရက်နေ့တွင်  ကျရောက်မည့်       (၇၈) နှစ်မြောက်  တပ်မတော်နေ့    စစ်ရေးပြအခမ်းအနား တွင်   ပါဝင်ချီတက်   စစ်ရေးပြကြမည့်  စစ်ရေးပြ     စစ်ကြောင်းကြီးများသည် ယနေ့နံနက်ပိုင်းတွင်     နေပြည်တော် စစ်ရေးပြကွင်း၌   ဝတ်စုံပြည့်   စစ်ရေးပြ  လေ့ကျင့်မှုများ ဆောင်ရွက်ကြသည်။

 


စစ်ရေးပြ        လေ့ကျင့်မှုတွင်  အနော်ရထာစစ်ကြောင်း၊   ကျန်စစ်သား စစ်ကြောင်း၊     ဘုရင့်နောင်စစ်ကြောင်း၊ အောင်ဇေယျစစ်ကြောင်း၊     ဆင်ဖြူရှင် စစ်ကြောင်း၊     ဗန္ဓုလစစ်ကြောင်းနှင့်  အောင်ဆန်း    စစ်ကြောင်းများပါဝင်ပြီး  စုရပ်ဖြစ်သည့် သစ်တပ်ကွင်းမှ စစ်ရေးပြ ကွင်းသို့    တပ်မတော်စစ်တီးဝိုင်းအဖွဲ့ များ၏  တီးခတ်မှုနှင့်အတူ စစ်ချီသီချင်း များသီဆို၍     ညီညာစွာချီတက်ကြပြီး စစ်ရေးပြအခမ်းအနား အစီအစဉ်အတိုင်း လေ့ကျင့်ဆောင်ရွက်ကြသည်။

 


ထိုသို့   လေ့ကျင့်နေမှုကို   နိုင်ငံတော်  စီမံအုပ်ချုပ်ရေးကောင်စီ     ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်        ကာကွယ်ရေး  ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး   စိုးဝင်း   နှင့်အတူ  ကာကွယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး    ဗိုလ်ချုပ်ကြီး      မြထွန်းဦး၊ တပ်မတော်နေ့ကျင်းပရေး ဦးစီးကော်မတီ  ဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)   ဗိုလ်ချုပ်ကြီး   မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)  ဗိုလ်ချုပ်ကြီး  မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊  ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ   တပ်မတော်အရာရှိကြီး များ၊    တပ်မတော်နေ့ကျင်းပရေး   စီမံ  ခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်  တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဇော်ဟိန်း   နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု    စစ်ဆေးကြပြီး    နိုင်ငံတော်စီမံအုပ်ချုပ်ရေး     ကောင်စီဒုတိယဥက္ကဋ္ဌ  ဒုတိယတပ်မတော်   ကာကွယ်ရေးဦးစီးချုပ်      ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) က  လိုအပ်သည်များကို  တာဝန်ရှိသူများနှင့်      ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 


အဆိုပါ  စစ်ရေးပြအခမ်းအနားတွင် တပ်မတော်   (ကြည်း၊   ရေ၊ လေ) နှင့်  မြန်မာနိုင်ငံ    ရဲတပ်ဖွဲ့တို့မှ    အရာရှိ၊ စစ်သည်များ၊   အမျိုးသမီး    တပ်ဖွဲ့ဝင်များ၊  အမျိုးသမီး   အထူးတပ်ဖွဲ့ဝင်များ၊  တပ်မတော် (ကြည်း)  ယန္တရားတပ်ဖွဲ့ဝင်များ၊ တပ်မတော်(ရေ) ယန္တရားတပ်ဖွဲ့ ဝင်များနှင့် တပ်မတော်(လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်များပါဝင်ကြောင်း သတင်း ရရှိသည်။                          

သတင်းစဉ်