
နေပြည်တော် မတ် ၂၄
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဒုတိယဦးစီးမှူးများ ဌာနတွင်း လုပ်ငန်းခွင်မွမ်းမံ သင်တန်းအမှတ်စဉ် (၁၆) သင်တန်းဆင်းပွဲအခမ်း အနားကို ယနေ့နံနက် ၉ နာရီတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ရုံးအမှတ် (၅၈) ၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ ဒုတိယ ဝန်ကြီး ဦးမင်းသူ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးထွန်းအုံက နိုင်ငံ တစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွင် လူ့စွမ်းအားအရင်း အမြစ်ကဏ္ဍသည် လွန်စွာအရေးကြီးသည့်အတွက် ဖွံ့ဖြိုးဆဲနိုင်ငံတိုင်းသည် မိမိတို့နိုင်ငံ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ ကျွမ်းကျင်မှု၊ လေ့ကျင့်ရေးနှင့် အလုပ်အကိုင် နေရာချထားရေးများတွင် ပိုမိုရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်လေ့ရှိကြောင်း၊ အဖွဲ့အစည်းတစ်ခု အနေဖြင့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ လုပ်ငန်း များကို ကောင်းစွာစနစ်ချ ဆောင်ရွက်ခြင်းမရှိလျှင် ဌာန၏ မြင့်မားသည့်စွမ်းဆောင်ရည်နှင့် ကောင်းမွန် သည့် ရလဒ်ရရှိနိုင်မည်မဟုတ်ကြောင်း၊ ထို့ပြင် ဌာန တွင်းလုပ်ငန်းများ ဆောင်ရွက်ရာ၌လည်း ထိရောက် သွက်လက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်နှင့် အရည် အချင်းပြည့်ဝသည့် ဝန်ထမ်းကောင်းများ ပေါ်ထွက် လာစေရန်အတွက် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှု သင်တန်းများ ဖွင့်လှစ်မှသာ ဝန်ထမ်းများ၏ စွမ်းရည်တိုးတက်လာခြင်းနှင့်အတူ အရည်အချင်း ရှိသည့် ဝန်ထမ်းများ မွေးထုတ်ပေးနိုင်မည်ဖြစ် ကြောင်း။
သင်တန်းကာလ တစ်လတာအတွင်း သင်ကြား ပေးလိုက်သည့် ဘာသာရပ်များသည် အခြေခံမျှသာ ဖြစ်ပြီး လက်တွေ့နယ်ပယ်တွင် တာဝန်ထမ်းဆောင် ကြသည့်အခါ ကြုံတွေ့ရမည့် မြေပြင်အခြေအနေနှင့် အခက်အခဲများကို အောင်မြင်စွာ ကျော်လွှားနိုင်ရန် အတွက် စာတွေ့၊ လက်တွေ့နှင့် အတွေ့အကြုံ ဗဟုသုတများပေါင်းစပ်ပြီး ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဘာသာရပ်များသည် ကျယ်ပြန့်သည့်အတွက် သင်တန်းသားများအနေဖြင့် စဉ်ဆက်မပြတ် လေ့လာ မှတ်သားသင်ယူပြီး ပြောင်းလဲနေသော ပတ်ဝန်းကျင် နှင့်အညီ လိုက်လျောညီထွေရှိအောင် လုပ်ကိုင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရာတွင် အဂတိတရား ကင်းရှင်းစွာနှင့် မှန်မှန်ကန်ကန် တာဝန်ကျေပွန်စွာ ထမ်းဆောင်သွားကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးထွန်းအုံက စာပေထူးချွန်ဆုရရှိသော သင်တန်းသား သင်တန်းသူ များကို လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးမင်းသူက အဖွဲ့လိုက် ထူးချွန်ဆုရရှိသော သင်တန်းသား သင်တန်းသူများကိုလည်ကောင်း ဆုများပေးအပ် ချီးမြှင့်ခဲ့ပြီး မြေတိုင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့် သည်။ ထို့နောက် သင်တန်းသား သင်တန်းသူများ ကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်