ရွှေသွေးဂျာနယ်ထွက်ရှိ

 

နေပြည်တော်   မတ်    ၂၃


ပြန်ကြားရေးဝန်ကြီးဌာန၊     ပုံနှိပ်ရေးနှင့်  ထုတ်ဝေရေးဦးစီးဌာန      စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

 


၂၅ -၃ - ၂ဝ၂၃ ရက် (စနေနေ့) တွင် ထွက်ရှိ မည့် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၁၂) တွင် မိမိတို့၏ ပင်ကိုရိုးသားမှုကို မကောင်းမွန် သောအရောင်များဖြင့်      မဆိုးသင့်ကြောင်း ပညာပေးတင်ဆက်ထားသည့်        “အရောင် မဆိုးချင်ပါနဲ့” မျက်နှာဖုံးဇာတ်လမ်း၊ မြန်မာ လူမျိုးတို့၏  ရိုးရာဓလေ့  သောက်ရေအိုးစင် တင်ကြပုံအကြောင်းကို     ဗဟုသုတရဖွယ် တင်ဆက်ထားသည့် “မြန်မာ့ဓလေ့ သောက်ရေ အိုးစင်”  သုတဆောင်းပါး၊  ကလေးတို့ပေးပို့ သော ကာတွန်းလက်ရာများကို   ထည့်သွင်း ဖော်ပြထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊  ကလေးများအား မိမိတို့၏ နေရပ်ဒေသကို တန်ဖိုးထားချစ်မြတ်နိုးတတ်စေရန် တင်ဆက် ထားသည့်  “ဒေသ”  နှစ်မျက်နှာကာတွန်း၊ တောရွာဓလေ့     ကလေးများ၏   လွတ်လပ် စွာ    စည်းစည်းလုံးလုံး     ညီညီညွတ်ညွတ်    ဆော့ကစားကြပုံကို      တင်ဆက်ထားသည့် “ပုန်းစလုတ်” ဝတ္ထု၊ အလှူအိမ်သို့သွားရာ၌  မိမိဖိနပ်    မပျောက်စေရန်   ထားတတ်သော  ဖြတ်ထိုးဉာဏ်ကောင်းသည့် ကိုလာအကြောင်း ကိုရေးဖွဲ့ထားသည့် “တောင်တစ်ဖက် မြောက် တစ်ဖက်” တစ်မျက်နှာကာတွန်း၊ သူတစ်ပါး ကို ကူညီပါက မိမိတွင်လည်း ကောင်းကျိုး ချမ်းသာရနိုင်ပုံကို   ကလေးများအား    အတု ယူဖွယ်    တင်ဆက်ထားသည့်    “စေတနာ၏ ကောင်းကျိုး”    ပုံပြင်၊    လူသားအားလုံးကို ဒုက္ခရောက်စေမည့်     မူးယစ်ဆေးဝါးများကို  ရောင်းချခြင်းကြောင့် ဒုက္ခနှင့် ကြုံတွေ့ရပုံကို ရေးဖွဲ့ထားသည့်  “ကိုတိုး- ကိုမိုး ပါဝင်သော မူးယစ်ဆေး”      နှစ်မျက်နှာ      ကာတွန်း၊ ကလေးများအနေဖြင့်      တွဲဖက်မစားသင့် သော အစားအစာများရှိကြောင်းနှင့် အစား အသောက်များကို စားသောက်ရာ၌ သတိထား ဆင်ခြင်နိုင်စေရန်          တင်ဆက်ထားသည့် “တာတေ-တော်ပါသေးရဲ့”       နှစ်မျက်နှာ ကာတွန်း၊ တက္ကသိုလ်စတက်သည့် ကျောင်း သားသစ်ကို ကျောင်းတက်ရာ၌ အဆင်ပြေ မပြေ၊ အခြေအနေ မည်သို့ရှိသနည်း  စသည် ဖြင့်    မေးမြန်းပြောဆိုပုံကို    အသုံးအနှုန်း အမျိုးမျိုးဖြင့်    လေ့လာနိုင်မည့်     “ရွှေသွေး စကားဝိုင်း”   အင်္ဂလိပ်စာ  သင်ခန်းစာကဏ္ဍ၊ ဉာဏ်စမ်းနှင့်    ကဗျာကဏ္ဍတို့    အပါအဝင် ကဏ္ဍစုံလင်စွာဖြင့် ထွက်ရှိပြီဖြစ်ရာ တစ်စောင် လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန် စာအုပ် အရောင်းဆိုင်များတွင်     ဝယ်ယူနိုင်ကြောင်း သိရသည်။                        

 

သတင်းစဉ်