တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

 

နေပြည်တော်  မတ်   ၂၃


 ကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများကို  ကျန်းမာ ရေးစောင့်ရှောက်မှု     လုပ်ငန်း များ   ဆောင်ရွက်ပေးရန်အတွက် တပ်မတော်နှင့်      ကျန်းမာရေး ဝန်ကြီးဌာနတို့မှ   အထူးကုဆေး အဖွဲ့များမှ ပါရဂူများ၊ ဆေးမှူး များနှင့် သူနာပြုများ လိုက်ပါလာ သည့် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်  (သံလွင်) သည် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်ရှိ   နယ်မြေခံ ရေတပ်အခြေစိုက်စခန်း  ဆိပ်ခံ တံတား၌အခြေပြု၍  ကိုကိုးကျွန်း မြို့နယ်အတွင်းရှိ ဒေသခံပြည်သူ ၁၀၈ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးကြသည်။

 


ထိုသို့   ဆောင်ရွက်ပေးရာ ဆေးကုသမှုဆိုင်ရာရောဂါ ၅၁ ဦး၊ ခွဲစိတ်ရောဂါ  ခြောက်ဦး၊ သားဖွား/ မီးယပ်ရောဂါ   သုံးဦး၊   ကလေး ရောဂါ ငါးဦး၊ အရိုးရောဂါ ၁၃ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ  ငါးဦး၊  မျက်စိရောဂါ  ၁၉ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ခြောက်ဦး တို့ကို လိုအပ်သည့် ဆေးဝါးကုသမှု များ ဆောင်ရွက်ပေးသည်။ ထို့အပြင်      ဓာတ်မှန်ရိုက်လူနာ      နှစ်ဦး၊    အာထရာဆောင်းဖြင့်   စမ်းသပ် စစ်ဆေးလူနာ လေးဦးနှင့် ECG   ဖြင့်  နှလုံးစမ်းသပ်လူနာ ခြောက်ဦးတို့ ကို ရောဂါရှာဖွေစမ်းသပ်ကုသပေး ခြင်းများ ဆောင်ရွက်ပေးသည်။

 


ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို နယ်မြေခံတပ်နယ်မှ တာဝန် ရှိသူများက   သွားရောက်ကြည့်ရှု အားပေးပြီး(အပေါ်ပုံ)လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

 


ကျန်းမာရေး ဆောင်ရွက်ပေး မှုအပေါ်   နယ်မြေခံတာဝန်ရှိသူ များနှင့်   ဒေသခံပြည်သူများ၏ စကားသံများကို     ယခုကဲ့သို့ ကြားသိခဲ့ရပါသည်-


“အခုလို လာရောက်ဆေးကုသ ပေးတဲ့အတွက်   ကျေးဇူးတင်ပါ တယ်။   ကျွန်တော်တို့   ဒေသခံ ပြည်သူများအနေနဲ့ ရန်ကုန်သွား ဆေးကုသရင် အလွန်အကုန်အကျ များပါတယ်။      ရောဂါပေါင်းစုံ လွယ်လွယ်ကူကူ      ကုသရတဲ့ အတွက်    ကျေးဇူးလည်းတင်ပါ တယ်။ ကျွန်တော်တို့မြို့ကို အခုလို လာရောက်     ကုသခွင့်ပေးတဲ့ နိုင်ငံတော်ဝန်ကြီးချုပ်  ကိုလည်း အထူးပဲ     ကျေးဇူးတင်ပါတယ်။ လိုအပ်ချက်များကိုလည်း   ဖြည့် ဆည်းပေးပါတယ်။  ကျွန်တော်တို့ ကျွန်းနေ  ပြည်သူများကိုလည်း သေချာဂရုစိုက် ကုသပေးပါတယ်။ စားရေး၊   သောက်ရေး၊  နေရေး၊ ထိုင်ရေးကိုလည်း   ဂရုစိုက်ပေးပါ တယ်။ အခုလိုဆေးကုသပေးမှုတွေ ကိုလည်း  မကြာခဏ လာရောက် ပေးစေလိုပါတယ်။ အခုလို ပါရဂူ တွေ    အများကြီးပါတဲ့    သံလွင် ဆေးကုသင်္ဘောကြီး လာရောက် ဆေးကုသပေးတဲ့အတွက်   ပါရဂူ ကြီးတွေနဲ့ ဆရာဝန်၊ ဆရာမတွေ ကိုလည်း  အထူးပင်ကျေးဇူးတင် ပါတယ်။   နိုင်ငံတော်အကြီးအကဲ ကိုလည်း အထူးပင် ကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားလိုပါတယ်” 

 


“ကျွန်မကတော့    ကျွန်းမှာ မွေးပြီး ကျွန်းမှာကြီးတဲ့ ကျွန်းသူ တစ်ယောက်         ဖြစ်ပါတယ်။ ကျွန်းမှာတော့     ကျန်းမာရေး ဖြစ်လာပြီဆိုရင်    အလွန်ခက်ခဲမှု ရှိပါတယ်။       မြို့ပေါ်မှာရှိတဲ့ ဆရာဝန်၊ ဆရာမ နည်းပါးမှုရှိတဲ့ အတွက်    ရောဂါကြီးကြီးမားမား ဖြစ်လာရင်   အလွန်ခက်ခဲပါတယ်။ အခုလို   သံလွင်ဆေးကုသင်္ဘော ကြီး   လာရောက်ကုသပေးတော့ မျက်စိဆရာဝန်ကြီးတွေ၊   အရိုး အကြော      ဆရာဝန်ကြီးတွေ၊ သားဖွားမီးယပ် ဆရာဝန်ကြီးတွေ၊ အထွေထွေရောဂါ   ကုသပေးတဲ့ ဆရာဝန်ကြီးတွေ   ပါတဲ့အတွက် ကျွန်မတို့ ကျွန်းသူ ကျွန်းသားများ အတွက်   အလွန်ကို  အဆင်ပြေ ပါတယ်။   အတွင်းတိမ်  မျက်လုံး ဝေဒနာ   ခံစားနေရသူတွေအတွက် လည်း   မှန်ဘီလူးနဲ့  အစားထိုး ကုသပေးတဲ့အတွက်   ကျွန်းသူ ကျွန်းသားများအတွက် အများကြီး အဆင်ပြေပါတယ်။   ဓာတ်မှန် ရိုက်ကူး    ကုသပေးတဲ့အတွက် ခန္ဓာကိုယ်  အတွင်းပိုင်းမှာရှိတဲ့ ရောဂါ ရှိ၊ မရှိကိုလည်း သိရှိနိုင်ပါ တယ်။​ ဆေးဆိုရင်လည်း တစ်လစာ ပေးတာမျိုး၊​ ဆေးထိုးပေးတာမျိုး ကုသမှုပေးပါတယ်။​  ဆေးဝါးစုံစုံ လင်လင်၊ ပါရဂူများ၊ ဆရာဝန်ကြီး များနဲ့   ကုသခွင့်ရတဲ့အတွက် နိုင်ငံတော်အကြီးအကဲကိုလည်း အလွန်ပဲ   ကျေးဇူးတင်ပါတယ်။ ခွဲစိတ်မှုလိုအပ်တဲ့   လူနာတွေကို လည်း သင်္ဘောပေါ်မှာပဲ ခွဲစိတ်ပေး ပါတယ်။ စားရေး၊ သောက်ရေး များကိုလည်း စီစဉ်ပေးပါတယ်။ သွားရေး၊  လာရေးအတွက်လည်း စီစဉ်ပေးပါတယ်။ သံလွင်​ဆေးကု သင်္ဘောကြီးကို        အမြဲတမ်း လာရောက်    ကုသပေးစေလိုပါ တယ်။    အခုလို  စီစဉ်ပေးတဲ့ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့   ပါရဂူ ကြီးများ၊ ဆရာဝန်၊  ဆရာမများ အားလုံးကို  အထူးကျေးဇူးတင်ပါ ကြောင်း ပြောကြားလိုပါတယ်”


သတင်းစဉ်