မတ်လအတွင်း ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၁၄ ဒသမ ၃၁၈ သန်းရှိ

 

ကော့သောင်းကုန်သွယ်ရေးစခန်းသည် ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများ ကို FOB စနစ်ဖြင့် အဓိက တင်ပို့နေသော ပို့ကုန်အသာစီးရသည့်  စခန်း တစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ကုန်ပစ္စည်းများမှာ   ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်)၊ ခရုနှင့် ငါးမှုန့်၊ သီဟိုဠ်စေ့၊ ဆီအုန်းတို့ဖြစ်သည်။ 

 


၂၀၂၃ ခုနှစ် မတ် ၁ ရက်မှ ၂၁ ရက်အထိ ပို့ကုန်တန်ချိန် ၁၄၆၁၉ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၃၁၈ သန်း၊ သွင်းကုန်တန်ချိန် ၁၁၀၉ တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၀၆၈  သန်း၊  ကုန်သွယ်မှု ပမာဏအမေရိကန်ဒေါ်လာ ၁၆ ဒသမ ၃၈၆ သန်းတို့ဖြစ်သည်။ အများဆုံး တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းမှာ ငါးမျိုးစုံနှင့် ကင်းမွန်၊ ဆီအုန်း၊ ဓနိအုန်း၊ ဓနိဖက်တို့ဖြစ်ပြီး အများဆုံး တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ပီလောပီနံမှုန့်၊   ကြွေပြား၊ ဆား၊    ကုန်စုံ၊ စတီး ဝိုင်ယာကြိုး၊ ဒီဇယ်၊ ဓာတ်ဆီ၊  ဆီလီကွန်၊ ဆာလဖာ၊ ကျောက်ချဉ်၊ မီးသွေးမှုန့်၊ ရေသန့်စင် စက်၊   ရေကူးကန်သုံးအပိုပစ္စည်း၊   နိုင်လွန်ကြိုး၊    ငါးဖမ်းပိုက်ကွန်၊ ငှက်သိုက်၊ သင်္ဘောအပိုပစ္စည်း၊    ငါးထည့်သည့်ခြင်း၊  ရေခဲပုံး၊ ဖိနပ် ကုန်ကြမ်းတို့ဖြစ်ကြောင်း သိရသည်။

 


၂၀၂၃ ခုနှစ် မတ်လ ၂၂ ရက် ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် တစ်သိန်းလျှင် ဘတ် ၁၁၉၀၊ တစ်ဘတ်လျှင် မြန်မာငွေ ၈၄ ကျပ်ခန့် ဖြစ်သည်။ စက်သုံးဆီဈေးနှုန်းများအနေဖြင့် ဓာတ်ဆီတစ်ဂါလန်လျှင် ကျပ် ၁၀၈၀၀ နှင့် ဒီဇယ်တစ်ဂါလန်လျှင် ကျပ် ၁၁၇၀၀ ခန့်ဖြင့် တည်ငြိမ် လျက်ရှိကြောင်း သိရသည်။