
မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန် အနေဖြင့် ၂၁-၃-၂၀၂၃ ရက်တွင် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၅၈ သန်း၊ သွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၉၁ သန်း၊ ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၄ ဒသမ ၂၄၉ သန်း ဆောင်ရွက်နိုင်ခဲ့သည်။
အများဆုံး တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ နနွင်းတက် ၄၁၁ ဒသမ ၅၀၈ တန်၊ ကြက်သွန်နီ ၆၀၄ တန်၊ ပဲတီစိမ်း ၂၇၇ ဒသမ ၅၀၀ တန်၊ ငါးရှဉ့်တန် ၄၀ ဒသမ ၆၄၀၊ နှမ်းနက် ၁၀၂ တန်၊ ဖရဲသီး တန် ၁၀၀၈ ဒသမ ၇၀၀၊ မြေပဲဆန် ၇၅ တန်၊ သခွားမွှေး ၄၃၆ ဒသမ ၅၀၀ တန်၊ ပဲယဉ်းတန် ၉၉ ဒသမ ၅၀၀ ၊ နေလဲစေ့ တန်၉၇ ဒသမ ၂၆၀ တို့ ဖြစ်သည်။
အများဆုံး တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ရုပ်မြင် သံကြားစက်၊ သွပ်လိပ်၊ လိမ္မော် သီး၊ ယာဉ်နှင့် ယာဉ်ယန္တရားများ၊ စတီးပြား၊ စတီးပိုက်၊ ပြည်တွင်း တပ်ဆင်ရေးလုပ်ငန်းတွင် အသုံး ပြုသော SKD စနစ်ဖြင့် တင်သွင်း သည့် ဆိုင်ကယ်အင်ဂျင်၊ ကလစ်၊ ဘီး၊ ဆံညှပ်အပိုပစ္စည်းများ၊ ဖိနပ်၊ ပန်းသီးတို့ဖြစ်သည်။
၂၀၂၃ ခုနှစ် မတ် ၁ ရက်မှ ၂၁ ရက်အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၄၈ ဒသမ ၃၇၆ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၃၇၆ သန်း၊ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၈၂ ဒသမ ၇၅၂ သန်း ဆောင်ရွက်နိုင်ခဲ့သည်။ MACCS စနစ်အရ ငွေလဲနှုန်း တစ်ယွမ်လျှင် ၃၀၂ ဒသမ ၆၈၂ ကျပ်ဖြင့် တွက်ချက်ထားရှိခြင်း ဖြစ်ပြီး လက်ရှိတွင် ကုန်သွယ်မှု လမ်းကြောင်း ကောင်းမွန်လျက် ရှိကြောင်း သိရသည်။