
တပ်နှင့်ပြည်သူ လက်တွဲကူ
ဘိုမျိုး(ရွှေဘို)
v တပ်မတော်နေ့ မမေ့အပ်ရာ
နေ့ထူးခါဝယ် ညီညာလက်တွဲ
ပြည်သူနွှဲ၍ မခွဲစတမ်း
လျှောက်လှမ်းလျက်ညီ ဒီမိုကရေစီသို့
ပီပြင်လှပ စနစ်ကျအောင်
တပ်ကညီညီ ပါဝင်ပြီ
ပြည်သူ့အတွက်ဖြစ်ပေသည်။
v ပြည်သူနှင့်တွဲ အောင်ပွဲများတွင်
ထိုစဉ်ကာလ ပြန်တွေးဆတော့
မတ်လနှစ်ဆယ့်ခွန် ရက်မြတ်မွန်မှာ
လွန်စွာဆိုးညစ် ထိုဖက်ဆစ်ကို
စစ်မှာပြောက်ကျား တိုက်ထုတ်ထားသည်
ကြီးမားဆင်နွှဲ တို့အောင်ပွဲ။
တပ်နှင့်ပြည်သူစဉ်လက်တွဲ။
v အောင်လံလွှင့်ထူ တို့ဂုဏ်ယူပြီ
ပြည်သူအားလုံး အစဉ်ပြုံးဖို့
သုံးပါးအရေး ကာကွယ်ပေးကာ
အရေးကြုံတိုင်း တုံ့မဆိုင်းတာ
သမိုင်းမှာကြည့် ထင်ရှားဘိ။
v ယနေ့ချိန်ခါ ပြည်မြန်မာကို
ကာကွယ်ရန်သည် ခေတ်မီတပ်မတော်
ခေတ်နှင့်လျော်မည့် တည်ရှိစွမ်းအား
အများနှင့်ယှဉ် တို့ပင်ရှေ့ရောက်
နောက်ကမလိုက် တိုက်ခိုက်စွမ်းရည်
စစ်သည်တော်အစွမ်း အံ့မခန်းမို့
ရည်မှန်းပန်းတိုင် ရောက်နိုင်မသွေ
တိုင်းပြည်အတွက် ကာကွယ်နေ။
တပ်နှင့်ပြည်သူအောင်ပွဲပေ။
မတ်လသည်နွေဂုဏ်သက်သေ။
(၇၈)နှစ်မြောက်တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုလျက်