လျှပ်စစ်မော်တော်ယာဉ်နှင့် လျှပ်စစ်ဘတ်စ်ကား ဓာတ်အားဖြည့်သွင်းရုံများ ဖွင့်ပွဲအခမ်းအနားကျင်းပ

 

နေပြည်တော်   မတ်   ၂၃


Earth   Renewable  Energy Co.,Ltd  မှ  တည်ဆောက်ပြီးစီး သည့် လျှပ်စစ်မော်တော်ယာဉ်နှင့် လျှပ်စစ်ဘတ်စ်ကား   ဓာတ်အား ဖြည့်သွင်းရုံ    (EV   Charging Station)   ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်      ဒက္ခိဏသီရိမြို့နယ်    ရန်ကုန် - မန္တလေး       အမြန်လမ်းမကြီး၊ မိုင်တိုင်  (၂၀၁/၁)   (စီလမ်းဆုံ) ယာဉ်ရပ်နားစခန်းရှိ ယာယီမဏ္ဍပ် ၌ ကျင်းပသည်။

 


ဦးစွာ    ဆောက်လုပ်ရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်    တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊     ဒုတိယ ဝန်ကြီးများ၊  ဒုတိယမြို့တော်ဝန်၊ အမြဲတမ်း      အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန် ရှိသူများ၊ ကုမ္ပဏီမှ တာဝန်ရှိသူ များနှင့်      ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ကြသည်။

 


ဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ   ဦးတင်ဦးလွင်က   အဖွင့် အမှာစကားပြောကြားပြီး Earth Renewable Energy Co.,Ltd မှ   တာဝန်ရှိသူက  EV Charging Station  တည်ဆောက်ခြင်းနှင့် စပ်လျဉ်း၍       ရှင်းလင်းတင်ပြ သည်။
ထို့နောက်    ပြည်ထောင်စု ဝန်ကြီး ဦးမျိုးသန့်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ     ဦးတင်ဦးလွင်၊  နေပြည်တော်   တိုင်းစစ်ဌာနချုပ် တိုင်းမှူး   ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တာဝန်ရှိသူများက      လျှပ်စစ် မော်တော်ယာဉ်နှင့်     လျှပ်စစ် ဘတ်စ်ကား ဓာတ်အားဖြည့်သွင်း ရုံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က   Electric  Vehicle  Charging Station  ဆိုင်းဘုတ်ကို စက်ခလုတ် နှိပ် ဖွင့်လှစ်ပေးသည်။

 


ယင်းနောက်    အခမ်းအနား သို့   တက်ရောက်လာကြသူများ က  လျှပ်စစ်သုံးယာဉ်များအတွက် လျှပ်စစ်ဓာတ်အား  ဖြည့်သွင်းရုံ (EV Charging Station) အတွင်း ကြည့်ရှုလေ့လာပြီး  လျှပ်စစ်သုံး ယာဉ်များ   လက်တွေ့အားဖြည့် နေမှုနှင့် စမ်းသပ်မောင်းနှင်နေမှု တို့ကို       ကြည့်ရှုအားပေးကြ သည်။

 


ဆက်လက်၍  Grand  Sirius (Enterprise)   Co.,Ltd   မှ တည်ဆောက်ပြီးစီးသည့် လျှပ်စစ် ကား ဓာတ်အားဖြည့်သွင်းရုံ GSE Charging Station (NPT) ဖွင့်ပွဲ အခမ်းအနားကို    ပျဉ်းမနား - တောင်ညိုလမ်း၊   နေပြည်တော် စည်ပင်သာယာရေး   ကော်မတီ ဧည့်ရိပ်သာရှေ့ရှိ ယာယီမဏ္ဍပ်၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်      တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တာဝန်ရှိသူ များက  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ကြပြီး   နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်က Electric Vehicle   Charging  Station ဆိုင်းဘုတ်ကို   စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။

 


ထို့နောက်      အခမ်းအနား သို့ တက်ရောက်လာကြသူများက GSE Charging Station (NPT) အတွင်း   ကြည့်ရှုလေ့လာကြပြီး လျှပ်စစ်သုံးယာဉ်များ လက်တွေ့ အားဖြည့်နေမှုနှင့်      စမ်းသပ် မောင်းနှင်နေမှုတို့ကို    ကြည့်ရှု အားပေးသည်။

 


မြန်မာနိုင်ငံတွင်     သဘာဝ ရုပ်ကြွင်း  လောင်စာဆီသုံးစွဲမှုကို လျှော့ချရန်     လျှပ်စစ်ကားများ ပြေးဆွဲအသုံးပြုနိုင်ရေးအတွက် အမျိုးသားအဆင့်    လျှပ်စစ်သုံး ယာဉ်နှင့်   ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး     ဦးဆောင် ကော်မတီ၏    လမ်းညွှန်မှုဖြင့် နေပြည်တော်တွင်   လေးနေရာ၊ ရန်ကုန်မြို့တွင် ငါးနေရာ၊ မန္တလေး မြို့တွင်  ငါးနေရာနှင့်  ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်တွင်  ငါး နေရာ  စုစုပေါင်း ၁၉ နေရာကို Pilot Project အနေဖြင့် တာဝန် ခွဲဝေ၍    အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ 

 


ယခုလို     စက်သုံးဆီရှားပါး လာမှုနှင့် ဈေးနှုန်းမြင့်မားနေသည့် အချိန်တွင်  လျှပ်စစ်သုံးကားများ အသုံးပြုခွင့်ပေးခြင်းဖြင့် ပြည်သူ များအတွက် သွားလာရေးစရိတ် များ သက်သာလာမည်ဖြစ်သည်။ နေပြည်တော်၊ ရန်ကုန် ၊ မန္တလေး မြို့ကြီးများတွင်  EV   ယာဉ်များ ကို မြို့ပြလမ်းကွန်ရက်စနစ်များ တွင်   ပြေးဆွဲရာ၌   အဆင်ပြေ ကောင်းမွန်အောင်   စီစဉ်ဆောင် ရွက်လျက်ရှိသကဲ့သို့ တစ်နိုင်ငံလုံး ရှိ အဓိကလမ်းကွန်ရက်များတွင်ပါ ပြေးဆွဲနိုင်အောင် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 သတင်းစဉ်