
နေပြည်တော် မတ် ၂၃
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်းများ၊ အရာထမ်း(အမျိုးသမီး)၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်းများ၏ မိသားစုဝင်များ အခြေခံ အဘိဓမ္မာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲသို့ ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် တိုးရီနှင့် ဇနီး၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်း ထက် ၏ ဇနီး၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးနှင့် ဇနီး၊ တပ်ဖွဲ့/ဦးစီးဌာနများမှ ညွှန်ကြားရေးမှူး ချုပ်များ/အရာရှိကြီးများနှင့် ဇနီး များ၊ တာဝန်ရှိသူများ၊ သင်တန်း နည်းပြဆရာမများနှင့် သင်တန်း တက်ရောက်ကြမည့် ပြည်ထဲရေး ဝန်ကြီး ဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း များ၊ အရာထမ်း (အမျိုးသမီး)၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း များ၏ မိသားစုဝင် သင်တန်းသူ များ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီးက အခြေခံ အဘိဓမ္မာသင်တန်း ဖွင့်လှစ်ပေးရခြင်းမှာ မြတ်စွာ ဘုရားရှင် ဟောကြားခဲ့သည့် အဘိဓမ္မာ(၇)ကျမ်းနှင့် ပတ်သက် ၍ အခြေခံအဆင့်အနေဖြင့် သိရှိ နားလည်နိုင်စေရန်နှင့် အမျိုး၊ ဘာသာ၊ သာသနာ၊ အမျိုးဂုဏ် ဇာတိဂုဏ်ကို ချစ်မြတ်နိုးတတ် စေရန် စသည့်ရည်ရွယ်ချက်များ ဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ အဘိဓမ္မာတရား၏ အခြေခံကို သိရှိနားလည်ပြီး လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ခြင်းနှင့် ပေါင်းသင်း ဆက်ဆံရာတွင်လည်း များစွာ အထောက်အကူပြုခြင်း စသည့် အကျိုးကျေးဇူးကို ရရှိ မည်ဖြစ်ကြောင်း မှာကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ တာဝန်ရှိသူများက သင်တန်း တက်ရောက်ကြမည့် သင်တန်း သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးသည်။
အဆိုပါ အခြေခံအဘိဓမ္မာ သင်တန်းကို ပြည်ထဲရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် မီးသတ်ဦးစီး ဌာနတို့မှ တပ်ဖွဲ့ဝင်/ဝန်ထမ်းများ၊ အရာထမ်း (အမျိုးသမီး)၊ တပ်ဖွဲ့ ဝင်/ ဝန်ထမ်း အရာထမ်းများ၏ မိသားစုဝင် သင်တန်းသူ စုစုပေါင်း ၆၄၃ ဦး တက်ရောက်ကြမည် ဖြစ်ပြီး သင်တန်းကာလမှာ မတ် ၂၃ ရက်မှ ၃၀ ရက်အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်