နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး

 

နေပြည်တော်   မတ်  ၂၂


နိုင်ငံတော်၏       ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့်   “ဝ” ပြည် သွေးစည်းညီညွတ်ရေး    ပါတီ (UWSP)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့   (NDAA)  နှင့် ရှမ်းပြည်   တိုးတက်ရေးပါတီ (SSPP)   ကိုယ်စားလှယ်အဖွဲ့တို့ ငြိမ်းချမ်းရေး   တွေ့ဆုံဆွေးနွေးပွဲ ကို    ယနေ့   မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ         အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှု    ဗဟိုဌာန၌ ကျင်းပပြုလုပ်ရာ     နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထောင်စု    အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့်   ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ        ဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေး  အဖွဲ့ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် UWSP၊ NDAA ၊   SSPP  ငြိမ်းချမ်းရေး ဆွေးနွေးရေး  ကိုယ်စားလှယ်အဖွဲ့ အား   ရင်းရင်းနှီးနှီး    ကြိုဆို နှုတ်ဆက်သည်။  

 


ထို့နောက်  တွေ့ဆုံဆွေးနွေးပွဲ တွင်    ဆွေးနွေးမည့်အစီအစဉ်၊ အကြောင်းအရာများကို ဆွေးနွေး ညှိနှိုင်းကြပြီး   နှစ်ဖက်ညှိနှိုင်းရရှိ   သည့်  ဆွေးနွေးပွဲအစီအစဉ်များ အတိုင်း   တွေ့ဆုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပသည်။

 


တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံ တော်  စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊   ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊    အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်    ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင်      ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး  မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့်   ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ  အတွင်းရေး မှူး      ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်များ၊ “ဝ”ပြည် သွေးစည်း ညီညွတ်ရေးပါတီ   (UWSP) မှ ဒုတိယဥက္ကဋ္ဌ    ဦးလော့ယာကု၊ အမျိုးသားဒီမိုကရက်တစ်  မဟာ မိတ်အဖွဲ့(NDAA)မှ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့၊ ရှမ်းပြည်တိုးတက်ရေး ပါတီ(SSPP)မှ ဗဟိုကော်မတီဝင် စဝ်ဆေပိုင်ဖနှင့်    ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 


တွေ့ဆုံ         ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးဆွေးနွေးရေး  အဖွဲ့ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တက်ရောက်လာကြ သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (၃) ဖွဲ့ကိုယ်စား  “ဝ”ပြည် သွေးစည်းညီညွတ်ရေး   ပါတီ (UWSP)မှ         ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကုက နှုတ်ခွန်းဆက်  အမှာစကားများ ပြောကြားသည်။

 


ထို့နောက် အဖွဲ့အသီးသီး၏ လိုလားချက်များ၊ ဒေသဖွံ့ဖြိုးရေး ကိစ္စ၊   ဒေသတည်ငြိမ်ရေးကိစ္စ၊ ရွေးကောက်ပွဲ    ကျင်းပရေးကိစ္စ၊ ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေး ကိစ္စနှင့်  ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)မှ အခြေခံကျသော ပုဒ်မများကို ပြင်ဆင်နိုင်ရေးကိစ္စ တို့အား အပြန်အလှန် ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။   ယင်းနောက် နှစ်ဖက်  ဆွေးနွေးချက်များအရ သဘောတူညီချက်များ ရယူနိုင်ရန် မူကြမ်းများကို   ဆွေးနွေးညှိနှိုင်း ခဲ့ကြပြီး တွေ့ဆုံဆွေးနွေးပွဲ ပထမ နေ့ကို ရပ်နားခဲ့သည်။ ဆွေးနွေးပွဲ ဒုတိယနေ့ကို မတ် ၂၃ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး သဘောတူညီချက်များ လက်မှတ် ရေးထိုးကြမည်ဖြစ်ကြောင်း  သိရှိ ရသည်။                  

သတင်းစဉ်