ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

 

နေပြည်တော်   မတ်    ၂၂


အပြည်ပြည်ဆိုင်ရာ   ပူးပေါင်း ဆောင်ရွက်ရေး    ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် သည်       အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ      ဌာနေ ကိုယ်စားလှယ်    Ms.   Elena Ajmone Sessera ကို ယနေ့နံနက် ၉   နာရီခွဲက   နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ     ပူးပေါင်း ဆောင်ရွက်ရေး    ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

 


ထိုသို့တွေ့ဆုံစဉ်       ရခိုင် ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး    အတွက် နိုင်ငံတော်အစိုးရ၏     ပြင်ဆင် ဆောင်ရွက်မှု၊ မြန်မာအစိုးရနှင့် ICRC တို့အကြား ပူးပေါင်းဆောင် ရွက်နေမှု၊     မြန်မာနိုင်ငံအတွင်း လူသားချင်း စာနာထောက်ထားမှု အကူအညီများအတွက်  ညှိနှိုင်း ဆောင်ရွက်ပေးနေမှုကို   ဆွေးနွေး ခဲ့ကြသည်။                

သတင်းစဉ်