ပညာသင်ယူပိုင်ခွင့်နှင့်ပတ်သက်သည့် အရေးကြီးသော စဉ်းစားဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်

 

လူတိုင်းတွင် ပညာသင်ယူပိုင်ခွင့် (the right to education) ရှိကြောင်း  ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း၏  အပိုဒ် ၂၆ တွင် အတိအလင်းပြဆိုထားပါသည်။    ထိုအခွင့်အရေးကို   အကောင်အထည် ဖော်ရာတွင်   တန်းတူရည်တူ   ပညာသင်ယူခွင့်ကို   အခြေခံလိုအပ်ချက် အဖြစ် အသိအမှတ်ပြုဖော်ပြကြပါသည်။  ဤအခွင့်အရေးကို အဓိပ္ပာယ် ဖွင့်ဆိုသတ်မှတ်ရာတွင်  အခြေခံပညာအဆင့်များ၌ အခမဲ့ပညာသင်ယူ ခွင့်ရရှိရေးသည်  အလွန်အရေးပါသော  အချက်များဖြစ်ပြီး    မသင် မနေရ    မူလတန်းပညာရေးသဘောတရားကို     လိုက်နာဆောင်ရွက် ကြရမည်ဖြစ်ကြောင်းလည်း    ဖော်ပြထားပါသည်။    နိုင်ငံတော် အစိုးရ၏    KG+9  မူဝါဒကို  အကောင်အထည်ဖော်ဆောင်မှုသည် လည်း   ဤသတ်မှတ်ထားသော    လိုအပ်ချက်များနှင့်    ကိုက်ညီမှုရှိပါ သည်။

 


အဓိပ္ပာယ်ပြည့်ဝသော  ပညာသင်ယူပိုင်ခွင့်ရရှိရေးတွင် ပညာ သင်ယူရန်   လွယ်ကူအဆင်ပြေမှုနှင့်    တန်းတူရည်တူရှိမှုတို့သည် မရှိမဖြစ်လိုအပ်သော အခြေအနေများ ဖြစ်ကြပါသည်။ မည်သည့်နေရာ တွင်   သင်ကြားခွင့်ရှိသည်ဖြစ်စေ၊ သင်ရိုးညွှန်းတမ်းတွင်  မည်သည့် သင်ခန်းစာများ    ပါဝင်သည်ဖြစ်စေ၊   သင်ကြားပို့ချသူ  ဆရာ/ ဆရာမ များသည်   မည်သူများပင်ဖြစ်စေ     ပညာရေး၏   အန္တိမရည်မှန်းချက်သည် ကျောင်းသူ/ကျောင်းသားများ၏  အကျိုး၊    လူ့အဖွဲ့အစည်းနှင့်   နိုင်ငံအတွက်   အကျိုးပြုနိုင်မည့်  လူသားဆိုင်ရာ  ကိုယ်ရည်ကိုယ်သွေး များ  အပြည့်အဝ   ဖွံ့ဖြိုးတိုးတက်စေရန်ပင် ဖြစ်သည်။ ပညာတတ် ပုဂ္ဂိုလ်များသည်  အမှန်စင်စစ် နိုင်ငံအတွက် အရေးကြီးသော အဖိုးတန် ရတနာများဖြစ်သည်ကို  ထင်ထင်ရှားရှား သိမြင်ကြမည်ဖြစ်ပါသည်။ ယင်းကဲ့သို့ ရှုမြင်မည်ဆိုပါက ပညာသင်ယူပိုင်ခွင့်ကို လွယ်ကူချောမွေ့ စေရန် ဆောင်ရွက်ပေးခြင်းသည်  နောင်အနာဂတ်အတွက် အမြော် အမြင်ရှိသည့် လမ်းစဉ်တစ်ရပ်ဖြစ်ပါသည်။

 


ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း၏ အပိုဒ် ၂၆ အား အပြည့် အဝအကောင်အထည်ဖော်ရန် ကြိုးပမ်းမှုများကို အားလုံးက ကြိုဆို ကြလိမ့်မည်ဟု မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ယုံကြည်ပါကြောင်း ဖော်ပြအပ်ပါသည်။


မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ရက်စွဲ၊ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၂ ရက်