
ကြာအင်းဆိပ်ကြီး မတ် ၂၁
ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန၏ သင်ရိုးသစ် အကောင် အထည်ဖော်ရေး အစီအစဉ်အရ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် အခြေခံ ပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ဘာသာရပ် စွမ်းရည် မြှင့် (ခရိုင်အဆင့်) ဆွေးနွေးပွဲကို မတ် ၂၁ ရက်က ကြာအင်းဆိပ်ကြီးမြို့နယ် အ.ထ.က ၌ ကျင်းပရာ ခရိုင်ပညာရေးမှူးဦးမြင့်ထွန်းက အမှာစကား ပြောကြားသည်။ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက် တန်းအဆင့်တွင် ဆရာ ဆရာမ ၂၇၈ ဦးနှင့် အလယ်တန်းအဆင့်တွင် ၄၉၆ ဦး တက်ရောက်ပြီး အထက်တန်းအဆင့်နည်းပြ ကိုးဦး၊ အလယ် တန်းအဆင့်နည်းပြ ၁၇ ဦး ဆွေးနွေးမည်ဖြစ်ကာ မတ် ၂၄ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
မျိုးမင်းဦး(ပြန်/ဆက်)