ဆင်းကတ်များကို မှန်ကန်သည့်အချက်အလက်များဖြင့် မှတ်ပုံတင်ရန် အော်ပရေတာလေးခု ပူးပေါင်းထုတ်ပြန်

 

ရန်ကုန်  မတ်  ၂၁ 
ဆင်းကတ်များကို     မှန်ကန်သော ကိုယ်ရေး  အချက်အလက်များဖြင့် ပြန်လည်        မှတ်ပုံတင်ရန် သက်ဆိုင်ရာ   အော်ပရေတာများ ထံမှ   အသိပေးစာတိုများ   ရရှိသူ များသည်       ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြား ချက်အရ မှန်ကန်သည့်    ကိုယ်ပိုင် အချက်အလက်များဖြင့်   တစ်လ အတွင်း      ဆင်းကတ်ပြန်လည် မှတ်ပုံတင်ရန်     လိုအပ်မည်ဖြစ် ကြောင်း      အော်ပရေတာလေးခု ပူးပေါင်း၍  မတ်  ၁၆  ရက်က ထုတ်ပြန်ထားသည်။
ဆင်းကတ်များကို   လူဝင်မှု ကြီးကြပ်ရေးနှင့်   ပြည်သူ့အင်အား ဝန်ကြီးဌာန၏    အချက်အလက် များနှင့်     နှိုင်းယှဉ်စစ်ဆေး၍ အချက်အလက်များ    မှန်ကန် ပြည့်စုံစွာ     ဖြည့်စွက်ထားခြင်း မရှိသည့်      ဆင်းကတ်များသည် အချက်အလက်     အမှန်များဖြင့် ပြန်လည်မှတ်ပုံတင်ရန် သက်ဆိုင် ရာ   အော်ပရေတာအသီးသီးမှ SMS ပေးပို့ အကြောင်းကြားပေး လျက်ရှိပြီး SMS များကို လက်ခံ ရရှိသူများအနေဖြင့်    ဆက်သွယ် ရေး  ပြတ်တောက်မှု  မဖြစ်ပေါ်စေ ရန် မိမိတို့၏ အချက်အလက်များ ကို     မှန်ကန်စွာ    ဖြည့်သွင်း၍ သတ်မှတ်ထားသည့် ရက်မတိုင်မီ  အမြန်ဆုံး    ပြန်လည်မှတ်ပုံတင်ရန် တိုက်တွန်း အကြောင်းကြားအပ်ပါ ကြောင်း ထုတ်ပြချက်တွင် ဖော်ပြ ထားသည်။ 
အသိပေးစာတို(SMS) လက်ခံ ရရှိပြီး   ရက်ပေါင်း   ၃၀   အတွင်း နိုင်ငံသားစိစစ်ရေးကတ်အတိုင်း ပြန်လည်ပြင်ဆင် မှတ်ပုံတင်ထား ခြင်းမရှိပါက    အထွက်ခေါ်ဆိုမှု၊ အထွက်စာတိုပေးပို့မှုနှင့်   ဒေတာ အသုံးပြုမှုများကို   ရပ်ဆိုင်းသည့် One Way Block ကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ထိုသို့ One Way Block  လုပ်ထားချိန်မှစ၍ ရက်ပေါင်း ၉၀   အတွင်း  နိုင်ငံသား စိစစ်ရေးကတ်    အချက်အလက် အမှန်ဖြင့်         ပြန်လည်ပြင်ဆင် မှတ်ပုံတင်ခြင်း           မရှိသော ဆင်းကတ်များကို အပြီးပိတ်သိမ်း သွားမည်ဖြစ်ကြောင်း ဆက်သွယ် ရေး         ညွှန်ကြားမှုဦးစီးဌာနက  ကြေညာထားသည်။
ဆင်းကတ်များ မှတ်ပုံတင်ခြင်း  ဆိုင်ရာ      ညွှန်ကြားချက်သည် စျေးကွက်အတွင်း     ရောင်းချနေ သော ဆင်းကတ်များအားလုံးနှင့် သက်ဆိုင်ပြီး    ဆက်သွယ်ရေး ဝန်ဆောင်မှု  သုံးစွဲသူများအနေဖြင့် လည်း မည်သည့်နေရာတွင်မဆို ဆင်းကတ်များ  ဝယ်ယူအသုံးပြုရာ တွင် မိမိတို့၏ အချက်အလက်များ ကို        မှန်ကန်စွာ    ဖြည့်စွက်၍ မှတ်ပုံတင်ပြီး     အသုံးပြုကြပါရန် တိုက်တွန်းကြောင်းလည်း ဖော်ပြ ထားသည်။
သုံးစွဲသူများအနေဖြင့်  မိမိတို့ လက်ရှိ            မှတ်ပုံတင်ထားသည့် အချက်အလက်များ မှန်၊ မမှန် စစ်ဆေးသိရှိနိုင်ရန် MPT  အတွက် *601#၊ ATOM အတွက်*766# (သို့) *979*3*3# ၊ အူရီဒူးအတွက် *666# ၊ Mytel အတွက် *96662# ကို   ခေါ်ဆို၍    စစ်ဆေးနိုင်ပြီး  အချက်အလက်များ     ပြန်လည် ပြင်ဆင်            မှတ်ပုံတင်ခြင်းကို သက်ဆိုင်ရာ အော်ပရေတာများ၏ တရားဝင်ဝက်ဘ်ဆိုက်၊   အက်ပလီ ကေးရှင်းနှင့်  သက်ဆိုင်ရာ အရောင်း ဆိုင်များတွင်  ဆောင်ရွက်နိုင်မည် ဖြစ်သည်။  
ဆင်းကတ်များကို မှန်ကန်စွာ ပြန်လည်ပြင်ဆင် မှတ်ပုံတင်ခြင်း အားဖြင့်     သုံးစွဲသူများအတွက် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ    လုံခြုံမှု ရှိစေခြင်း၊       မိုဘိုင်းငွေကြေး ဝန်ဆောင်မှုများကို လုံခြုံစိတ်ချစွာ သုံးစွဲနိုင်ခြင်းတို့ကြောင့်      ပြင်ပ လိမ်လည်မှုများ၏     အန္တရာယ်မှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်     ဖော်ပြထား သည်။                      ကျော်ဇင်ဦး