မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပြည်တွင်းကျောက်မျက်လုပ်ငန်း လုပ်ကိုင်နေသူများအတွက် အဆင်ပြေ

 

နေပြည်တော်   မတ်    ၁၈


နေပြည်တော်      မဏိရတနာ ကျောက်စိမ်းခန်းမ၌    ကျင်းပ ပြုလုပ်နေသော (၅၈)ကြိမ်မြောက်    မြန်မာ့ကျောက်မျက်ရတနာ ပြပွဲ သည်  ပြည်တွင်းတွင် ကျောက် မျက်လုပ်ငန်း    ရောင်းဝယ်နေကြ သူများအနေဖြင့်     တရားဝင် လွတ်လပ်စွာ    ဝယ်ယူရရှိသော ကြောင့် ကျောက်မျက်လုပ်ငန်းများ ဆောင်ရွက်ရာတွင်    အဆင်ပြေ ကြောင်း သိရသည်။

 


“အခု    တင်ပြရောင်းချတဲ့ ကျောက်အတွဲတွေက   အရင်ပြပွဲ ကထက်  နည်းပါတယ်။ နိုင်ငံခြား ငွေဈေးက  တက်လာတဲ့အတွက် မြန်မာငွေနဲ့ ဈေးပိုပေးပြီး ဝယ်ရ ပါတယ်။        မြန်မာကျပ်ငွေနဲ့ ရောင်းချတဲ့ပွဲကို  ပိုပြီးမျှော်လင့်မိ ပါတယ်”ဟု မန္တလေးမြို့မှ တစ်နိုင် တစ်ပိုင်  ကျောက်မျက်လုပ်ငန်း လုပ်ကိုင်၍ လာရောက်ဝယ်ယူသူ တစ်ဦးက ပြောသည်။

 


မြန်မာနိုင်ငံ၏     စီးပွားရေး တိုးတက်ဖွံ့ဖြိုးလာစေရန်အတွက် မြန်မာ့    ကျောက်မျက်ရတနာ ရောင်းဝယ်ရေး   လုပ်ငန်းသည်    အရေးပါသည့်   အခန်းကဏ္ဍများ တွင် တစ်ခုအပါအဝင်ဖြစ်သည်။ ယခုနှစ် မတ်လတွင် နေပြည်တော် ရှိ မဏိရတနာကျောက်စိမ်း ခန်းမ ၌   ကျင်းပပြုလုပ်သည့်   မြန်မာ့ ကျောက်မျက်ရတနာ   ပြပွဲသည်     နိုင်ငံတော်       အခွန်ဘဏ္ဍာကို တိုးတက်လာစေသည့်အပြင် နိုင်ငံ တကာ    အလယ်တွင်    မြန်မာ့ သယံဇာတ  တွင်းထွက်ဖြစ်သည့် ကျောက်စိမ်းသည်      နိုင်ငံ၏ ထင်ရှားစေသည့်     ပြယုဂ်အဖြစ် သိမြင်စေသည်။ နိုင်ငံတော်အစိုးရ အနေဖြင့်      အဖိုးတန်မြန်မာ့ ကျောက်မျက်သယံဇာတများကို   စနစ်တကျစီမံခန့်ခွဲ၍  ပြပွဲများကို တိုင်းရင်းသားလုပ်ငန်းရှင်ပြည်သူများနှင့်     အကျိုးတူပေါင်းဖက်၍ ခေတ်အဆက်ဆက်       ဖွင့်လှစ် ရောင်းချပေးနေခြင်းဖြစ်ကြောင်း  သိရသည်။        

ခွန်(ဝင်းပ)