မိုင်းယုမြို့ နမ့်လွေချောင်းသောင်ပြင်၌ သင်္ကြန်ကာလ ရေကစားအပန်းဖြေနိုင်ရန် ယာယီတဲနှင့် ဈေးဆိုင်များ ဆောက်လုပ်

 

မိုင်းယု   မတ်   ၁၈ 


ရှမ်းပြည်နယ်(အရှေ့ပိုင်း)   မိုင်းယုမြို့တွင်   သင်္ကြန် ကာလအတွင်း ပြည်သူများ  ရေကစားအပန်းဖြေ လည်ပတ်နိုင်ရန်အတွက် မြို့မရပ်ကွက်  ဒေါင်နေ ကျေးရွာအနီးရှိ နမ့်လွေချောင်းသောင်ပြင်၌ ယာယီ တဲနှင့်ဈေးဆိုင်များကို မတ် ၁၇ ရက်မှစ၍ ဆောက်လုပ် ပြင်ဆင်နေကြပြီဖြစ်သည်။


သင်္ကြန်ကာလ   ဧပြီလ ၁၃ ရက်မှ    နှစ်ဆန်း ၁ ရက်အထိ  အပန်းဖြေရေကစားနိုင်ရန်အတွက်  ဒေသခံဈေးသည်များက ယာယီတဲများ၊ ဈေးဆိုင်များ ကို နမ့်လွေချောင်းသောင်ပြင်၌ စတင်ဆောက်လုပ်၍ ဈေးဖွင့်လှစ်ရောင်းချနိုင်ရန် ပြင်ဆင်နေလျက်ရှိကြပြီး လတ်တလောတွင် ရှမ်းဥပုသ်နေ့နှင့် အများပြည်သူအလုပ်နားရက်များတွင်လည်း ပြည်သူများ လာရောက် လည်ပတ်လျက်ရှိကြသည်။


မိုင်းယုမြို့သည် နမ့်လွေချောင်း၏ ကမ်းစပ်တွင် တည်ရှိပြီ နယ်စပ်ကုန်သွယ်ရေး မိုင်းယု-ကျိန်းယဲန်း တံတားကြီးကို မြို့အဝင်တွင်  တည်ဆောက်ထား သဖြင့် ကုန်တင်ယာဉ်များ၊ လိုင်းကားများနှင့် ရပ်ဝေး မှ ခရီးသွားပြည်သူများ လာရောက်ကြသည့် မြို့ဖြစ် သော်လည်း  သင်္ကြန်ကာလတွင် အပန်းဖြေလည်ပတ် နိုင်ရန်အတွက် နမ့်လွေချောင်းသဲသောင်ပြင်၌ အပန်း ဖြေရေကစားနိုင်မည့် ယာယီတဲများ၊   ဈေးဆိုင်များ ဆောက်လုပ်ခြင်းမှာ ယခုနှစ်တွင် ပထမဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။        


ကိုကိုနိုင်