ပဲခူးမြို့ မဟာသင်္ကြန်၌ လမ်းလျှောက်သင်္ကြန်နှင့် ဌာနဆိုင်ရာစတုဒိသာမဏ္ဍပ်များလည်း ထည့်သွင်းကျင်းပမည်

 

ပဲခူး    မတ်    ၁၈


၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော်ကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင် ၍ ပဲခူးမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

 


ပဲခူးမြို့၌ ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို   စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် လုပ်ငန်းကော်မတီများ ဖွဲ့စည်းပေး ထားပြီး သင်္ကြန်အကျနေ့မှစ၍ သင်္ကြန်အတက်နေ့ အထိ ဖျော်ဖြေရေးဗဟိုမဏ္ဍပ်၊  စတုဒိသာမဏ္ဍပ် များ၊ ရေကစားမဏ္ဍပ်များဖြင့် စနစ်တကျ   စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ကာ  လမ်းလျှောက်သင်္ကြန် နှင့် ဌာနဆိုင်ရာစတုဒိသာမဏ္ဍပ်များလည်း ထည့်သွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 


ထို့ပြင်  ရပ်ကွက်/ကျေးရွာများရှိ ပြည်သူများ သင်္ကြန်ယိမ်းယှဉ်ပြိုင်နိုင်ရန်  စီစဉ်ပေးသွားမည် ဖြစ်သဖြင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ များမှ သင်္ကြန်ယိမ်းအဖွဲ့ ၂၃ ဖွဲ့ ပါဝင်ယှဉ်ပြိုင်ဖျော်ဖြေ ကြမည်ဖြစ်ပြီး   ဆုရရှိသည့်   ယိမ်းအဖွဲ့များအား ထိုက်တန်စွာ ဆုချီးမြှင့်ပေးသွားမည်ဖြစ်သည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၈ မြို့နယ်အတွက်လည်း ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေး   ပံ့ပိုးကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

 


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်၍ ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲ တော်ကြီးကို   စည်ကားသိုက်မြိုက်  အောင်မြင်စွာ ကျင်းပပြုလုပ်မည့်အပြင်  ၁၃၈၅ ခုနှစ် မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် ဇီဝိတဒါန ငါးလွှတ်ပွဲများ၊ သက်ကြီး ဘိုးဘွားများအား  ကန်တော့ပွဲများ၊   ပရိတ်တရား ရွတ်ဖတ်ပူဇော်ပွဲများနှင့်    နှစ်ဦးတရားသဘင်ပွဲ စသည့် ကုသိုလ်ကောင်းမှုပြုလုပ်သည့်အခမ်းအနားများကိုလည်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ 


တင်စိုး(ပဲခူး)