၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ နဝမနေ့တွင် စိတ်ကြိုက်မြန်မာစာဘာသာရပ် ဖြေဆိုသူ စုစုပေါင်း နှစ်ဦးရှိ

 

နေပြည်တော်    မတ်    ၁၈
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ နဝမနေ့ကို ယနေ့ ဆက်လက်ကျင်းပရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စိတ်ကြိုက်မြန်မာစာဘာသာရပ် ဖြေဆိုသူ စုစုပေါင်း နှစ်ဦး ရှိကြောင်း သိရသည်။
ယနေ့တွင် ပြည်တွင်းစာစစ်ဌာနနှစ်ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ  စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း နှစ်ဦးရှိပြီး  လာရောက်ဖြေဆိုသူ   စုစုပေါင်း  နှစ်ဦးရှိကာ  ဖြေဆိုသူရာခိုင်နှုန်းအနေဖြင့် ၁၀၀ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။                         

သတင်းစဉ်