
နေပြည်တော် မတ် ၁၈
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့ နံနက် ၉ နာရီခွဲက ရန်ကုန် တိုင်းဒေသကြီး လှည်းကူးမြို့နယ် ရှိ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေး နှင့် အရည်အသွေး စီမံခန့်ခွဲမှုဌာန စု (Commodity Testing and Quality Management - CTQM) သို့ ရောက်ရှိပြီး အဆိုပါဌာနစု အတွင်း သီးနှံများ အရည်အသွေး စစ်ဆေးခြင်း၊ စားသုံးဆီများ အရည်အသွေး စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်မှုနှင့် ဓာတ်ခွဲ ခန်းသုံးပစ္စည်းများ၏ အခြေအနေ များကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ပိုမိုအရည်အသွေး မြင့်မားသည့် ဌာနစုဖြစ်လာရေး၊ ဝန်ထမ်းတစ်ဦးချင်းစီ၏ စွမ်း ဆောင်ရည် မြှင့်တင်ရေးနှင့် ကောက်ပဲသီးနှံ ပြည်ပပို့ကုန် မြှင့်တင်ရေးအတွက် အရေးပါ သည့် ကုန်ပစ္စည်းစမ်းသပ်စစ်ဆေး မှုလုပ်ငန်းများ ပိုမိုအဆင့်မြှင့် ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စ များကို မှာကြားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် မြန်မာနိုင်ငံ သစ်သီး ဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူများအသင်း၏ ညီနောင်အသင်း ဖြစ်သော မြန်မာနိုင်ငံ ထောပတ် သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ အလုပ် အမှုဆောင်များနှင့် တွေ့ဆုံ၍ မြန်မာ့ထောပတ်သီးများ အရည် အသွေးမီ စိုက်ပျိုးထုတ်လုပ်နိုင် ရေး၊ စျေးကွက်တိုးချဲ့၍ ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရေးနှင့် ပြည်ပသို့ တင်ပို့ရာတွင် ဈေးကွက်နိုင်ငံ၏ လိုလားချက်နှင့်အညီ တင်ပို့နိုင် ရေးအတွက် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးရေးကိစ္စရပ် များကို ဆွေးနွေးသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည်မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၏ တာဝန်ရှိသူများ နှင့် တွေ့ဆုံ၍ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်း ဆန်စပါးဈေးနှုန်း တည်ငြိမ်စေရေး၊ ပြည်တွင်းဈေးကွက်ကို ထိခိုက်မှု မရှိစေဘဲ ပြည်ပသို့ ပုံမှန်တိုးမြှင့် တင်ပို့နိုင်ရေးနှင့် ကုန်ပစ္စည်း စမ်းသပ်စစ်ဆေးရေးနှင့် အရည် အသွေး စီမံခန့်ခွဲမှုဌာနစု (Co-mmodity Testing and Quality Management - CTQM) နှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စ များကို ဆွေးနွေးညှိနှိုင်းသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် အဆိုပါ ဌာနစုဝင်း အတွင်း ဆန်ကြိတ်ခွဲမှုသင်တန်း ဖွင့်လှစ်ရန်အတွက် သင်တန်းသား၊ သင်တန်းခန်းမနှင့် အိပ်ဆောင် များကို ကြိုတင်ပြင်ဆင်ရေးအတွက် လှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ ကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်