ရွှေတောင်မြို့နယ်၌ နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲ ကျင်းပ

 

ရွှေတောင်     မတ်     ၁၇


ပဲခူးတိုင်းဒေသကြီး      ရွှေတောင် မြို့နယ်   အားကစားနှင့်  ကာယ ပညာဦးစီးဌာနက  ကြီးမှူးဖွင့်လှစ် သောနွေရာသီအခြေခံ အားကစား     သင်တန်းဆင်းပွဲကို     မြို့နယ်  အားကစားခန်းမ၌ မတ် ၁၅  ရက်  ညနေ ၃ နာရီက ကျင်းပသည်။


အခမ်းအနားတွင်   မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့    ဥက္ကဋ္ဌ (ကိုယ်စား)       ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးရာဇာလင်း က     အမှာစကားပြောကြားပြီး  သင်တန်းနည်းပြ ဂုဏ်ပြုလက်မှတ်  များကို နည်းပြများအား ပေးအပ် သည်။   ဆက်လက်၍   မြို့နယ်  အားကစားနှင့်    ကာယပညာဦးစီး ဌာန ဦးစီးမှူး    ဒေါ်ခင်နုနုဖြိုးနှင့်   တာဝန်ရှိသူများက   တူညီဝတ်စုံ များနှင့်  သင်တန်းဆင်းလက်မှတ် များ   ပေးအပ်သည်။   ထို့နောက် တက်ရောက်လာသော  သင်တန်း သား၊     သင်တန်းသူများက     အားကစားနည်းများ    အလိုက် ပြန်လည်လက်တွေ့  သရုပ်ပြသ ကြသည်။


အဆိုပါ    နွေရာသီအခြေခံ အားကစား        သင်တန်းတွင် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ရိုးရာ ခြင်း၊    လက်ဝှေ့၊    မြန်မာ့သိုင်း၊ အေရိုးဗစ် စသည့်အခြေခံကစား နည်းခြောက်မျိုးကို  ရွှေတောင် မြို့နယ် အားကစားကွင်း၌  ၁၅၀၊  ကံသုံးဆင့်  အ.ထ.က(ခွဲ)ကျောင်း တွင် ၈၉   ဦးနှင့်  ခလရ (၁၄)အ.လ.က    ကျောင်းတွင် ၈၁  ဦး တို့အား  ဖွင့်လှစ်သင်ကြားပေးခဲ့ ကြောင်း သိရသည်။


ကိုကိုမင်း(ပြန် /ဆက်)