တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်) ရခိုင်ပြည်နယ် မြေပုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

 

နေပြည်တော်   မတ်    ၁၇


ရခိုင်ပြည်နယ်အတွင်းရှိ    ကမ်းရိုးတန်း ဒေသတစ်လျှောက်မှ     ဒေသခံပြည်သူ များအား    ကျန်းမာရေးစောင့်ရှောက်မှု  လုပ်ငန်းများ      ဆောင်ရွက်ပေးရန် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်  (သံလွင်)ဖြင့် တပ်မတော်နှင့်ကျန်းမာရေး ဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့များမှ ပါရဂူများ၊ ဆေးမှူးများနှင့်  သူနာပြုများ သည် မြေပုံမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာ များမှ ခွဲစိတ်ကုသပြီးသော မျက်စိခွဲစိတ် လူနာ   ၁၁ ဦးအား    ဆေးရုံရေယာဉ်ပေါ် ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း များ          ဆက်လက်ဆောင်ရွက်ပေး သည်။

 


ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တာဝန်ရှိသူများက    လိုက်လံကြည့်ရှု အားပေး၍   မျက်စိခွဲစိတ်လူနာများအား မျက်မှန်များတပ်ဆင်ပေးပြီး အာဟာရ ဖြည့်     စားသောက်ဖွယ်ရာများနှင့် လက်ဆောင်ပစ္စည်းများ   ထောက်ပံ့ပေး အပ်ကြသည်။   ထို့နောက်    အဆိုပါ လူနာများအား မြေပုံမြို့ ဆိပ်ခံတံတားသို့ ပြန်လည်ပို့ဆောင်ပေးသည်။

 


ထို့အတူ       နယ်လှည့်အထူးကု ဆေးအဖွဲ့သည် မြေပုံမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၄၂၅ ဦး အား    မြေပုံမြို့   ပညာ့ဗိမာန်ရိပ်သာ ပရိယတ္တိစာသင်တိုက်၌      အခြေပြု၍  ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးကြသည်။

 


ထိုသို့ ဆောင်ရွက်ပေးရာ ယနေ့တွင်  ဆေးကုသမှုဆိုင်ရာရောဂါ ၁၉၀၊ ခွဲစိတ် ရောဂါ ၂၂  ဦး၊  သားဖွား/ မီးယပ်ရောဂါ ၂၂ ဦး၊ ကလေးရောဂါ ၂၉ ဦး၊ အရိုးရောဂါ ၅၉ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၃၅ ဦး၊ မျက်စိရောဂါ ၆၁ ဦးနှင့် သွားနှင့် ခံတွင်းရောဂါ ခုနစ်ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ နှစ်ဦး၊ မျက်စိခွဲစိတ်လူနာ    ငါးဦး၊   အာထရာ ဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၄၅ ဦး၊ ECG ဖြင့်   နှလုံးစမ်းသပ်လူနာ  ၇၅ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ   ၂၀  တို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး  ဆေးရုံတက်ရောက် ကုသရန်လိုအပ်သူ သုံးဦးတို့ကို  နီးစပ်ရာ တပ်မတော်ဆေးရုံများသို့   တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ထိုသို့    ဆောင်ရွက်ပေးနေမှုများကို  တာဝန်ရှိသူများက     လိုက်လံကြည့်ရှု အားပေးပြီး  လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။ 

 


ဆက်လက်၍   တပ်မတော်ပင်လယ် သွားဆေးရုံရေယာဉ်    (သံလွင်)  သည် မြေပုံမြို့နယ်မှ      ပေါက်တောမြို့နယ် ပြိုင်းတောင်ကျေးရွာအုပ်စု     စိုးမဲကျီ ကျေးရွာသို့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ    ဆောင်ရွက်ရန်အတွက် ဆက်လက်ထွက်ခွာကြသည်။

 


ကျန်းမာရေး ဆောင်ရွက်ပေးမှုအပေါ် ဒေသခံပြည်သူများ၏   စကားသံများကို ယခုလိုပဲကြားသိခဲ့ရပါသည်-


ကျွန်တော်တို့မြို့က     တကယ့်ကို အလှမ်းဝေးတဲ့နေရာဖြစ်တယ်။  တစ်ခုခု ဆိုရင် စစ်တွေကိုသွားရတယ်။  မြောက်ဦး သွားရတယ်။     ရန်ကုန်သွားရတယ်။ ဒီလိုအခက်အခဲတွေကို နိုင်ငံတော် အကြီး အကဲရဲ့       လမ်းညွှန်မှုနဲ့   အဖွဲ့အစည်း တစ်ရပ်အနေနဲ့  တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့ ရောက်လာတဲ့အခါ ကျွန်တော့်အနေနဲ့  အတိုင်းမသိဝမ်းသာ မိပါတယ်။       မျက်စိမမြင်တဲ့သူတွေ သင်္ဘောပေါ်မှာခွဲစိတ်ကုသပြီး   မျက်လုံး ကောင်းသွားတဲ့သူတွေ ဒီဘဝမှာ  မမြင် ရတော့ဘူးထင်တဲ့သူတွေ   မျက်စိမြင် သွားကြတယ်။ ရောက်လာတာနဲ့ လူနာ တွေကို လက်ဆောင်ပေးတယ်။  ဆေးကု ပေးတယ်။ ဒီလောက်ကြီးမားတဲ့ ကုသိုလ် ကြီးကို   လုပ်ပေးတဲ့အတွက် အလွန်ကို ကျေးဇူးတင်မိတယ်။ အဲဒါကြောင့် နှစ်စဉ် နှစ်တိုင်းလာစေချင်တယ်။ သူတို့ကိုလည်း သားသမီးချင်း၊   ညီအစ်ကို   မောင်နှစ်မ ချင်းကိုယ်ချင်းစာမိတယ်။     သူတို့တွေ လည်း အလွန်ပင်ပန်းရှာကြတယ်။ သူတို့ လုပ်ရတာ လူနာတွေကလည်းများတော့ လွယ်တာမဟုတ်ဘူး။ဒါပေမယ့် သူတို့တွေ  မျက်နှာတစ်ချက်မညှိုးဘူး။ ပြုံးပြုံးရွှင်ရွှင်    ပဲ။ ဒီလိုစိတ်ထားတွေဖြစ်အောင် ဘယ်လို  များ    ပြုစုပျိုးထောင်ထားသလဲ  မသိဘူး။   ငါ့သား/သမီးသာ    ဖြစ်လိုက်ချင်တယ်။   ငါ့တူလေး၊ ငါ့ညီလေးသာ  ဖြစ်လိုက်ချင် တယ်လို့  စိတ်ထဲမှာခံစားရမိတယ်။ အဲဒါ ကြောင့်  အခုလာရောက်   ဆေးကုသပေး တဲ့အဖွဲ့တွေကို လှိုက်လှိုက်လှဲလှဲ ကျေးဇူး တင်ကြောင်း  မြေပုံမြို့နယ်သူ/   မြို့နယ် သားတွေ ကိုယ်စားကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။  စီစဉ်ပေးတဲ့  နိုင်ငံတော် အကြီးအကဲကိုလည်း ကျေးဇူးတင်ပါတယ်။  နောက်နောင်ကိုလည်း      အခုလိုစီစဉ် ပေးစေချင်ပါတယ်လို့  ပြောလိုပါတယ်။  ကျွန်တော်တို့မြို့နယ်က    အမြဲတမ်း လက်ကမ်းကြိုဆိုလျက်ပါလို့    ပြောလိုပါ တယ်။ 

 


ကျွန်မတို့     ဆေးခန်းပြမယ်ဆိုရင်  ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ စစ်တွေ၊   အမ်းတို့ကိုသွားရပါတယ်။  အခုကတော့ တစ်နေရာတည်းမှာ    ကဏ္ဍအသီးသီး၊  ရောဂါအသီးသီးကို       ကုသပေးတယ်။ သွားဘက်ဆိုင်ရာ၊      မျက်စိဆိုင်ရာ၊ သွားဖွားမီးယပ်ရောဂါ၊ အထွေထွေကုသ ခွင့်ရနေတဲ့အတွက်    အထူးပဲကျေးဇူး တင်တယ်။    အလွန်ပျော်တယ်။    ပီတိ လည်းဖြစ်တယ်။     မရှိဆင်းရဲသားတွေ၊ မတတ်နိုင်တဲ့သူတွေ  ဆေးကုသခွင့်ရတဲ့  အတွက်ကြောင့်    ကျေးဇူးတင်တယ်။ ဝမ်းမြောက်ဝမ်းသာလည်း ဖြစ်ရပါတယ်။ လူနာတွေက ပါရဂူတွေနဲ့လည်း ထိတွေ့ မှုရတယ်။  ဆရာဝန်တွေပေးတဲ့ဆေးတွေ ကလည်း   အကောင်းစားဆေးတွေဖြစ် တယ်လို့သိရပါတယ်။    နယ်မှာဆိုတော့ အခက်အခဲတွေအများကြီး     ကြုံတွေ့ ရတယ်။   အခုဆိုရင်   လမ်းစရိတ်လည်း သက်သာတယ်။ ဆေးဖိုးလည်း သက်သာ တယ်။  လူနာတွေရဲ့  ရောဂါတွေကိုလည်း ဆရာဝန်တွေနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေး  ပေးတဲ့အတွက်ကြောင့်     ကိုယ့်ရောဂါ   အခြေအနေလည်း   တိတိကျကျသိရတာ ပေါ့။  

 

 ဉာဏ်ပူဇော်ခလည်း   မပေးရဘူး။ နောက်ပြီး    ဆရာဝန်တွေရဲ့   ပြောဆို ဆက်ဆံမှုတွေကလည်း   နူးညံ့သိမ်မွေ့ တယ်။   လူနာတွေကိုလည်း     အပြုံးနဲ့ ကြိုဆိုတော့ စိတ်ချမ်းသာမှုဖြစ်ရတာပေါ့။ အခုလိုစီစဉ်ပေးတဲ့   နိုင်ငံတော်အကြီး အကဲကိုလည်း     အလွန်ကျေးဇူးတင် ပါတယ်။    ပါရဂူတွေကိုလည်း    ကျေးဇူး အများကြီးတင်ပါတယ်။