နေပြည်တော် မတ် ၁၇
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အဋ္ဌမနေ့ကို ယနေ့ ဆက်လက်ကျင်းပရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သမိုင်းဘာသာရပ်ဖြေဆိုသူ စုစုပေါင်း ၃၉၀၄၃ ဦး ရှိကြောင်း သိရသည်။
ယနေ့တွင် နိုင်ငံခြားစာစစ်ဌာန တစ်ခုနှင့် ပြည်တွင်းစာစစ်ဌာန ၇၇၇ ခု စာစစ်ဌာန စုစုပေါင်း ၇၇၈ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၄၄၃၅၄ ဦးရှိပြီး လာရောက်ဖြေဆိုသူ စုစုပေါင်း ၃၉၀၄၃ ဦးရှိကာ ဖြေဆိုသူ ရာခိုင်နှုန်း အနေဖြင့် ၈၈ ဒသမ ၀၃ ရာခိုင်နှုန်းရှိကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရသည်။
သတင်းစဉ်



