အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ ဌေးအောင် မန္တလေးတိုင်းဒေသကြီး၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

 

နေပြည်တော်  မတ်  ၁၇


အဂတိလိုက်စားမှုတိုက်ဖျက်ရေး  ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်သည်  ယနေ့ နံနက် ၈ နာရီ တွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ၌ ဖွင့်လှစ်လျက်ရှိသည့် ဝန်ထမ်းအဖွဲ့အစည်း ဒုတိယ အကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း၊ အမှတ်စဉ် ၁၂ နှင့် အဆင့်မြင့် အရာထမ်း စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် ၁၃ တို့မှ သင်တန်းသား၊ သင်တန်းသူများကို “အဂတိ လိုက်စားမှုတိုက်ဖျက်ရေးနှင့် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍ” ဘာသာရပ်ကို သင်ကြားပို့ချသည်။ 

 


မွန်းလွဲပိုင်းတွင် ကော်မရှင်ဥက္ကဋ္ဌသည် မန္တလေး တိုင်းဒေသကြီး    ဝန်ကြီးချုပ်နှင့်   မန္တလေးမြို့  မြို့တော်ခန်းမ ယုဇနဧည့်ခန်းမ၌ တွေ့ဆုံ၍ မန္တလေး တိုင်းဒေသကြီးအတွင်း     အဂတိလိုက်စားမှုတိုက်ဖျက် ရေးဆိုင်ရာ  အသိပညာပေးရေးနှင့် တားဆီးကာကွယ် ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအမံများကို ဆွေးနွေးသည်။

 


ထို့နောက် ကော်မရှင်ဥက္ကဋ္ဌသည် မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့်အတူ  “အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ပုဂ္ဂလိကကဏ္ဍသို့ အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာ ပေးဆွေးနွေးခြင်း အခမ်းအနား” သို့ တက်ရောက်၍ “ပုဂ္ဂလိကကဏ္ဍ အဂတိလိုက်စားမှု တားဆီးကာကွယ် ရေးနှင့် စပ်လျဉ်း၍” ဆွေးနွေးသည်။

 


ဆွေးနွေးပွဲတွင်  တိုင်းဒေသကြီး  ဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း  ပြည်သူလူထုနှင့်  ထိတွေ့ ဆက်ဆံ ဝန်ဆောင်မှုပေးလျက်ရှိသော တိုင်းဒေသ ကြီးအဆင့်  ဌာန   ၃၁   ဌာနတွင်လည်း     ဌာနတွင်း   အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ အဂတိလိုက်စား မှုများ ပပျောက်မှသာ ကောင်းမွန်သော အုပ်ချုပ်ရေး နှင့် သန့်ရှင်းသော  အစိုးရတစ်ရပ်ဖြစ်လာမည်ဖြစ်သဖြင့်   အစိုးရဌာနဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင် များနှင့်     ပြည်သူလူထုတစ်ရပ်လုံးက    ပူးပေါင်း ဆောင်ရွက်ပေးကြရန်   တိုက်တွန်းလိုပါကြောင်း ဆွေးနွေးပြောကြားသည်။

 


ဆက်လက်၍    ကော်မရှင်ဥက္ကဋ္ဌက    ကော်မရှင် အနေဖြင့်   “ပုဂ္ဂလိက  အဖွဲ့အစည်းများ   အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေးအတွက် အခြေခံ ခိုင်မာသော     လုပ်ငန်းဆိုင်ရာ    ကျင့်ဝတ်များနှင့် သင့်လျော်သော  ထိန်းချုပ်မှုနည်းလမ်းများကို ချမှတ် ဆောင်ရွက်နိုင်ရန် အခြေခံအချက်များ” ကို အမိန့် ကြော်ငြာစာ ၁၄/၂၀၁၈ ကို  ထုတ်ပြန်ခဲ့ပါကြောင်း၊ အဆိုပါ အမိန့်ကြော်ငြာစာပါအချက်များသည် စီးပွား ရေးလုပ်ငန်းကဏ္ဍအတွင်း အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအတွက် အထူးအလေးထားဆောင်ရွက် ကြရန် ပြဋ္ဌာန်းထားရှိပါကြောင်း ဆွေးနွေးပြောကြား သည်။

 


ထို့နောက်တက်ရောက်လာကြသူများက သိရှိလို သည်များကို မေးမြန်းရာ ကော်မရှင်ဥက္ကဋ္ဌက ရင်းနှီး ပွင့်လင်းစွာ ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။


သတင်းစဉ်