(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အိမ်မဲ၌ ဗိုလ်ချုပ်အောင်ဆန်းလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်

 

အိမ်မဲ   မတ်   ၁၇


(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် ၌ ဗိုလ်ချုပ်အောင်ဆန်းလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် ကျင်းပရာ တိုင်းဒေသ ကြီး  ဝန်ကြီးချုပ်  ဦးတင်မောင်ဝင်း  တက်ရောက် သည်။

 


ရှေးဦးစွာ တိုင်းဒေသကြီး  ဝန်ကြီးချုပ်၊ လုံခြုံရေး နှင့်   နယ်စပ်ရေးရာဝန်ကြီး  ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး တင်ဇော် ထွန်းတို့က ဗိုလ်ချုပ်အောင်ဆန်းလမ်း ကွန်ကရစ် လမ်းသစ်ကြီးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လမ်းသစ် ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 


အဆိုပါ  ကွန်ကရစ်လမ်းသစ်မှာ  အိမ်မဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် အတွင်း ဘဏ္ဍာရန်ပုံငွေကျပ်  ၂၀  ဒသမ ၀၈၆၅၅ သန်းဖြင့် ဆောင်ရွက်ပြီး လမ်းအရှည် ပေ ၃၀၀ ၊ အကျယ် ၂၅ ပေ၊ ထု ရှစ်လက်မရှိကာ အိမ်မဲမြို့နယ် အတွင်း ပြည်သူလူထု အကျိုးပြုအားထားရမည့်လမ်း ဖြစ်ကြောင်း သိရသည်။      

ချစ်သက်လယ်(အိမ်မဲ)