
နေပြည်တော် မတ် ၁၇
နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၆) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပွဲ အခမ်း အနားကို ယနေ့နံနက်ပိုင်းက နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပ သည်။
အခမ်းအနားသို့ နေပြည် တော် တပ်ကုန်းမြို့နယ် မစိုးရိမ် ကျောင်းတိုက် ဩဝါဒစရိယ ဆရာတော် ဦးကောသလ္လ အမှူး ပြုသော သံဃာတော်အရှင်သူမြတ် ငါးပါးတို့ ကြွရောက်တော်မူကြ ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်မျိုးထွဋ်၊ အမြဲတမ်းအတွင်းဝန်၊ သံအမတ် ကြီးများ၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ အရာထမ်းနှင့် အမှုထမ်း များက တက်ရောက်ကြည်ညို ခဲ့သည်။
အခမ်းအနားတွင် တက်ရောက် လာကြသူများက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး ငါးပါးသီလခံယူ ဆောက်တည်ကြကာ သံဃာတော် အရှင်သူမြတ်တို့အား လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်း၍ လှူဒါန်းမှုအစုစုတို့ အတွက် အနုမောဒနာတရား နာကြား၍ ရေစက်သွန်းချ အမျှပေးဝေကြသည်။
ထို့နောက် သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပြီး အခမ်း အနားကို ရုပ်သိမ်းလိုက်သည်။
ညနေပိုင်းတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ (၇၆)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ညစာစားပွဲ၊ ပျော်ပွဲရွှင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားတို့ကို ကျင်းပရာ(အပေါ်ပုံ) နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်၊ ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံခြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ အမြဲတမ်း အတွင်းဝန်၊ သံအမတ်ကြီးများ၊ အငြိမ်းစား သံအမတ်ကြီး များ၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေက ၁၉၄၇ ခုနှစ် မတ် ၁၇ ရက်ကို နိုင်ငံခြား ရေးဝန်ကြီးဌာန စတင်တည်ထောင် သောနေ့အဖြစ် သတ်မှတ်ခဲ့ရာ ယခုနှစ်တွင် (၇၆) နှစ်မြောက် နှစ်ပတ်လည် အခါသမယသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အမျိုးသားအကျိုး စီးပွားကို ကာကွယ်စောင့်ရှောက် နိုင်ရန်အတွက် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြ ပါရှိသည့် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေး မူဝါဒကို ကျင့်သုံးလျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် ချမှတ်ထား သည့် နိုင်ငံခြားရေးမူဝါဒနှင့် အညီ နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံတကာရေးရာများတွင် နိုင်ငံ အားလုံး တန်းတူရည်တူရှိမှုနှင့် မိတ်ဝတ်မပျက် မိတ်ဆွေအဖြစ် ဆက်ဆံရေးတို့ကို အလေးအနက် ထား ဆောင်ရွက်လျက်ရှိကြောင်း၊ ကမ္ဘာ့မိသားစုဝင်နိုင်ငံ တစ်နိုင်ငံ အဖြစ် ခိုင်မာစွာရပ်တည်ပြီး ချမှတ်ထားသော နိုင်ငံခြားရေး မူဝါဒနှင့်အညီ နိုင်ငံတော်၏ အချုပ်အခြာအာဏာ၊ လုံခြုံရေး နှင့် အမျိုးသားအကျိုးစီးပွား အပေါ် ရပ်တည်ကာကွယ်သွားရန် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာနတို့၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းတိုင်း၏ တာဝန်ဖြစ် ကြောင်း။
ဝန်ထမ်းများအနေဖြင့် နိုင်ငံ တော်မှ ချမှတ်ထားသောမူဝါဒ များကို သိရှိလိုက်နာရန် လိုအပ် ပြီး တစ်ဦးချင်း ကိုယ်ရည် ကိုယ်သွေး မြင့်မားတိုးတက် အောင် တည်ဆောက်နေကြရန် အရေးကြီးကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် ဝန်ထမ်းများ လုပ်ငန်း အောင်မြင် ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရန်အတွက် အတွေ့ အကြုံ၊ ဗဟုသုတပြည့်စုံရန် သာမက လုပ်ငန်းခွင်သာယာ ပျော်ရွှင်ရေးအတွက်လည်း ပံ့ပိုး ပေးလျက်ရှိကြောင်း၊ နိဂုံးချုပ် အနေဖြင့် နိုင်ငံ့ဝန်ထမ်းဘဝအဖြစ် စတင်ခံယူစဉ်ကတည်းက မိမိ တိုင်းပြည်အတွက် နိုင်ငံ့တာဝန် များကို ကျေပွန်စွာ ထမ်းရွက် သွားရန် သန္နိဋ္ဌာန်ချမှတ်ပြီးဖြစ် သည့်အားလျော်စွာ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ ကျင့်ဝတ်နှင့် စည်းမျဉ်း စည်းကမ်းများကို စောင့်ထိန်း လိုက်နာပြီး နိုင်ငံရေးအရောင် အသွေးကင်းရှင်းစွာဖြင့် နိုင်ငံ၏ အုပ်ချုပ်ရေးယန္တရား ကောင်းမွန် စွာ လည်ပတ်နိုင်ရေးအတွက် ဆက်လက် ကြိုးစားကြရန် တိုက်တွန်းအပ်ပါကြောင်း မှာကြား သည်။
ထို့နောက် နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်၊ အထက်မြန်မာပြည် နှင့် အောက်မြန်မာပြည်တို့၌ ဖွင့်လှစ်ခဲ့သည့် သင်တန်းများ တွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြ သည့် ဝန်ထမ်းများ၊ ဇန်နဝါရီလ အတွင်း ဝန်ကြီးဌာနတွင်း ကျင်းပ ခဲ့သည့် အားကစားပြိုင်ပွဲများ၊ လွတ်လပ်ရေးနေ့ အားကစား ပြိုင်ပွဲများနှင့် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိ ခဲ့ကြသူများ၊ သီချင်းဆိုပြိုင်ပွဲ ၌ ဆုရရှိခဲ့ကြသည့် ဝန်ထမ်းများ ကို ဆုများချီးမြှင့်ခြင်း၊ ဝန်ထမ်း များအတွက် နိုင်ငံခြားရေးဝန်ကြီး ဌာန၏ (၇၆) နှစ်မြောက် နှစ်ပတ် လည်နေ့ အထိမ်းအမှတ်ကို ဂုဏ်ပြုသည့်အနေဖြင့် အထူးဆုမဲ ၇၆ ဆု အပါအဝင် ဗလာမပါ ကံစမ်းမဲများ မဲဖောက်ခြင်း တို့ဖြင့် အခမ်းအနားကိုစည်ကား သိုက်မြိုက်စွာ ကျင်းပသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသော နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး များ၊ ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ သံအမတ်ကြီးများ၊ အငြိမ်းစား သံအမတ်ကြီး များ၊ ညွှန်ကြားရေးမှူးချုပ်များက ဝန်ထမ်းများနှင့် အတူတကွ ညစာ သုံးဆောင်ခဲ့ကြပြီး ညစာသုံးဆောင် နေစဉ် ဝါသနာရှင်ဝန်ထမ်းများက ကာရာအိုကေ တေးသံသာများ ဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်