
နေပြည်တော် မတ် ၁၆
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
၁၈ -၃ - ၂၀၂၃ ရက်(စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ်(၁၁)တွင် ငှက်အစာကျွေးသည့်အိမ်ကို ကိုယ်တိုင် တီထွင်ပြီး ငှက်လေးများကို အစာကျွေးသည့် ဖွေးဥနှင့် ချစ်သွေး တို့ မောင်နှမနှစ်ယောက်အကြောင်းကို တင်ဆက်ထားသည့် “ငှက်ကလေးတွေ အစာကျွေးမယ်” မျက်နှာဖုံးကာတွန်းဇာတ်လမ်း၊ နိုင်ငံရပ်ခြားတွင်အလုပ်လုပ်၍ ပြန်လာကာ မိဘ၏လယ်ယာမြေ များကို ဦးစီးလုပ်ကိုင်ပြီး မိဘကျေးဇူးကိုဆပ်သည့် ကိုကြီးဖြိုး အကြောင်း တင်ဆက်ထားသည့် “ ဆုရတီအောင်-ကျေးဇူးတရား” နှစ်မျက်နှာကာတွန်း၊ သင်္ချာတော်သော ရွှေဖဲကို သင်္ချာဉာဏ်စမ်း မေးခွန်းမေးသည့်အခါ သူ၏တွေးတောမှု ဆင်ခြင်ဉာဏ်ဖြင့် ဖြေသွားပုံအကြောင်းကို တင်ဆက်ထားသည့် “ရွှေဖဲ” တစ်မျက်နှာ ကာတွန်း၊ ယင်နားစာများစားမိလျှင် ရောဂါရရှိမှာဖြစ်ပြီး သန့်ရှင်းမှု ဖြင့် နေထိုင်စားသောက်လျှင် ရောဂါကင်းရှင်းမည့်အကြောင်း တင်ဆက်ထားသည့် “ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး” နှစ်မျက်နှာကာတွန်း၊ လူမှန်လျှင် အကျိုးရှိမည့်အလုပ်ကို အမြဲ လုပ်နေရမည်ဟူသော ဗဟုသုတအသိကို စာဖတ်ခြင်းမှ ရရှိသည့် အကြောင်း တင်ဆက်ထားသည့် “ရန်ပိုင်စိုး” နှစ်မျက်နှာကာတွန်း၊ ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ရန် အပြင်ထွက်လျှင် နှာခေါင်းစည်း တပ်ရန်၊ လက်ဆေးရန်နှင့် စည်းကမ်းများကို သတိပြုလိုက်နာ စေချင်သည့်အကြောင်း ရေးဖွဲ့ထားသည့် “ကိုဗစ်(၁၉) ရောဂါ” ကဗျာကဏ္ဍ၊ သူ၏စက်ဘီးကို မိုးပေါ်ပျံနိုင်ရန် အတောင်နှင့် စက်တပ်ပေးရမည်ဟု သူငယ်ချင်းကို ဟာသဖြစ်ဖွယ် ပြောကြား ထားသည့်အကြောင်း တင်ဆက်ထားသည့် “ဖိုးတစ်တို” မျက်နှာဝက် ကာတွန်း၊ သုတကဏ္ဍ၊ အင်္ဂလိပ်စာသင်ခန်းစာကဏ္ဍ၊ ဉာဏ်စမ်း ကဏ္ဍ၊ ဝတ္ထုကဏ္ဍနှင့် ပုံပြင်ကဏ္ဍအပါအဝင် ကဏ္ဍစုံလင်စွာထွက်ရှိ ပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန် စာအုပ် အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
သတင်းစဉ်