
ဆန်
မတ် ၁၅ ရက် ရန်ကုန်ဆန်ဈေးကွက်၌ သီးထပ်ဆန်ကြမ်း အသစ် လက်ကား တစ်အိတ်လျှင် ကျပ် ၅၂၀၀၀/၅၃၀၀၀၊ ရက် ၉၀ ဆန်ကြမ်းအသစ် တစ်အိတ် ကျပ် ၅၇၀၀၀၊ ပေါ်ကျွဲအသစ် တစ်အိတ် ကျပ် ၆၀၀၀၀/၆၁၀၀၀၊ ငစိန် ဆန်ကြမ်းတစ်အိတ် ကျပ် ၄၉၀၀၀/၅၀၀၀၀ နှုန်းရှိသည်။ ပေါ်ဆန်း ဆန်သစ် တစ်အိတ် ဈေးနှုန်းများမှာ ဘိုကလေးနယ်ထွက် ကျပ် ၆၈၀၀၀၊ ဖျာပုံနယ်ထွက် ကျပ် ၇၁၀၀၀၊ မြောင်းမြနယ်ထွက် ကျပ် ၇၃၀၀၀၊ ရွှေဘိုနယ်ထွက် ကျပ် ၈၅၀၀၀ နှုန်း ဈေးနှုန်းအသီးသီးရှိနေသည်။
စားအုန်းဆီ
မတ် ၁၃ ရက်မှ ၁၉ ရက်အထိ ရန်ကုန်အထိုင် လက်ကား ရည်ညွှန်းဈေး စားအုန်းဆီ တစ်ပိဿာ ၄၆၃၅ ကျပ်ဖြစ်ရာ ယခင်အပတ်ထက် ၃၅ ကျပ် ဈေးတက်လာသည်။ ပြည်ပဈေး တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၀၅၃ ရှိလာသည်။ ရန်ကုန် ဈေးကွက်တွင် အလှယ်လက်ငင်း လက်ကားပီပါ တစ်ပိဿာစျေးမှာ မတ် ၉ ရက်က ကျပ် ၆၉၀၀ နှုန်း ရှိရာမှ မတ် ၁၄ နှင့် ၁၅ ရက် တွင် ကျပ် ၆၅၀၀ နှုန်းသို့ ဈေးကျဆင်းလာသည်။
ပဲအမျိုးမျိုး
မတ် ၁၄ ရက် ရန်ကုန်ပဲဈေးကွက်တွင် မတ်ပဲ (RC) တစ်တန် ကျပ် ၁၉၆၅၀၀၀၊ (SQ/RC) တစ်တန် ကျပ် ၂၂၂၅၀၀၀၊ ပဲစင်းငုံနီ (Red/RC) တစ်တန် ကျပ် ၂၂၃၅၀၀၀၊ ပဲတီစိမ်းခရမ်းရွှေဝါ (ထိပ်စ) တစ်ပိဿာ ၃၉၁၅ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာ ကျပ် ၄၃၅၀-၄၇၀၀ စသည်ဖြင့် ဈေးနှုန်းဖြစ်ပေါ်လျက်ရှိသည်။
ကြက်သွန်နီ
ရန်ကုန်သို့ မတ် ၁၅ ရက်အထိ ယခုလ ပွဲရုံဖွင့်ရက် ၁၂ ရက် အတွင်း နယ်စုံကြက်သွန်နီ ပိဿာချိန် ၂၅၁၄၀၀၀ ဝင်ရောက် လာရာ တစ်ရက်ပျမ်းမျှအဝင် ပိဿာချိန် ၂၁၀၀၀၀ အထိ အဝင်များပြားလျက်ရှိသည်။ မတ် ၁၅ ရက်တွင် ပိဿာချိန် ၁၅၀၀၀၀ ဝင်ရောက်ခဲ့ပြီး ဆိပ်ဖြူလက်ကားတစ်ပိဿာ ကျပ် ၁၂၅၀ အထိ ဈေးရှိသည်။ မြစ်သားကြက်သွန် တစ်ပိဿာ ကျပ် ၁၈၅၀ မှ ၁၄၀၀ အကြား၊ မုံရွာကြက်သွန် ကျပ် ၁၀၅၀ မှ ၁၂၀၀ ကြား ဈေးရှိခဲ့သည်။
ကြက်သွန်ဖြူ/အာလူး/ငရုတ်
မတ် ၁၅ ရက်တွင် ရှမ်းဖြူအသစ် လက်ကား တစ်ပိဿာ ကျပ် ၂၃၀၀ မှ ၄၀၀၀၊ ကြူကုတ်ကြက်သွန်ဖြူ လက်ကားတစ်ပိဿာ ကျပ် ၄၃၀၀ နှုန်း ရှိလာသည်။ မတ် ၁၅ ရက် ရန်ကုန်အာလူး ဈေးကွက်တွင် ဆင်ဖြူကျွန်းအာလူး လက်ကားတစ်ပိဿာ ကျပ် ၁၃၀၀ မှ ၁၉၀၀ အအထိ ဈေးဖွင့်ကြသည်။ ဗန်းမော်အာလူး လက်ကားတစ်ပိဿာ ကျပ် ၁၉၀၀ နှုန်းရှိသည်။ မတ် ၁၅ ရက် ရန်ကုန်ငရုတ်ဈေးကွက်၌ လက်ကားတစ်ပိဿာဈေးနှုန်းများမှာ ပန်းရဲ (စလင်းနယ်ထွက်) ငရုတ်ရှည် ကျပ် ၁၁၅၀၀၊ ဟင်္သာတ နယ်ထွက် ပန်းရဲငရုတ်ရှည် ကျပ် ၁၁၀၀၀၊ မြားနီငရုတ်ရှည် ကျပ် ၁၁၀၀၀၊ မိုးထောင်(မအူပင်ရေလဲနယ်ထွက်) ကျပ် ၁၁၅၀၀၊ လေးအိမ်စု မိုးထောင် ကျပ် ၁၃၀၀၀၊ ပျော်ဘွယ်မိုးထောင် ကျပ် ၁၁၅၀၀၊ ဆင်ဖြူကျွန်း ငရုတ်ပွ ကျပ် ၁၄၀၀၀-၁၄၅၀၀၊ မြစ်ဝ ကျွန်းပေါ်ထွက် ငရုတ်ပွအသစ် ၁၅၀၀၀ ကျပ်နှုန်း အသီးသီး ဈေးနှုန်းရှိနေသည်။
အောင်ခင်နိုင်