ကိုရီးယားသမ္မတနိုင်ငံသို့ EPS စနစ်ဖြင့် အလုပ်သမားများစေလွှတ်

 

အင်ချွန်း မတ် ၁၆


ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့်  အလုပ်သမားများ စေလွှတ်ခဲ့ ကြောင်း      ကိုရီးယားသမ္မတနိုင်ငံရှိ မြန်မာသံရုံးက   သတင်းထုတ်ပြန်ထား သည်။


ကုန်ထုတ်လုပ်သားသစ် ၂၉ ဦး၊ CBT ကုန်ထုတ်လုပ်သားသုံးဦး၊   စိုက်ပျိုး/မွေးမြူရေးလုပ်သားသစ်     ၅၅    ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် ၂၈ ဦး စုစုပေါင်း ၁၁၅ ဦးသည် မတ်  ၁၄  ရက် က   ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာ မြန်မာ သံရုံး      ဆိုးလ်မြို့မှ      အလုပ်သမား သံအရာရှိက  ကြိုဆိုခဲ့ပြီး အလုပ်သမား များ သိရှိလိုက်နာသင့်သည့် အချက်များ ကို    မှာကြားခဲ့ကာ   လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။


ကိုရီးယားသမ္မတနိုင်ငံရှိ      သင်္ဘော တည်ဆောက်ရေး    လုပ်ငန်းများတွင် မြန်မာအလုပ်သမားများအား ကျွမ်းကျင် ဂဟေလုပ်သားများအဖြစ်    E-7-3 ဗီဇာ ဖြင့် စေလွှတ်နိုင်ရေး   ဆောင်ရွက်လျက် ရှိရာတွင်   Samsung    Heavy  Indu-stries တွင် လုပ်ကိုင်မည့် မြန်မာဂဟေ လုပ်သား ၁၇ ဦးကိုလည်းယခုလ ၁၂   ရက် က  ပို့ဆောင်ပေးခဲ့သည်။            

ကိုရိုး