တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် မိတ္ထီလာမြို့နယ် ရေစက်ရုံအမှတ်(၅)ဖွင့်ပွဲနှင့် ပျော်ဘွယ်မြို့နယ် ယင်းတော်လျှပ်စစ်ဓာတ်အားခွဲရုံ ဖွင့်ပွဲသို့ တက်ရောက်ပြီး မိတ္ထီလာခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံ

 

မန္တလေး     မတ်    ၁၆


(၇၈)နှစ်မြောက်  တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆို သောအားဖြင့်   မိတ္ထီလာမြို့နယ်   ဈေးအရှေ့ပြင် ရပ်ကွက်ရှိ ရေစက်ရုံအမှတ်(၅)ဖွင့်ပွဲနှင့်  ပျော်ဘွယ် မြို့နယ် ယင်းတော်  လျှပ်စစ်ဓာတ်အားခွဲရုံ   ဖွင့်ပွဲ အခမ်းအနားများကို  မတ် ၁၅ ရက် နံနက်ပိုင်းက ကျင်းပရာ   မန္တလေးတိုင်းဒေသကြီး   ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်   တာဝန်ရှိသူများ  တက်ရောက်ကြ သည်။


ရေစက်ရုံ     အမှတ်(၅)   ဖွင့်ပွဲအခမ်းအနားတွင်  တိုင်းဒေသကြီးဝန်ကြီးချုပ်က မိတ္ထီလာမြို့ ဈေးအရှေ့  ပြင်၊ သီရိမင်္ဂလာ၊  ရန်မျိုးအောင်နှင့် အောင်ဇေယျာ ရပ်ကွက်များသို့  တစ်ရက်လျှင် ရေဂါလန် ခုနစ်သိန်း နှစ်သောင်း  ဖြန့်ဖြူးပေးနိုင်တော့မည်   ဖြစ်ကြောင်း၊  မိတ္ထီလာကန်    သန့်ရှင်းသာယာလှပရေးနှင့်   ရေ အရင်းအမြစ်များ အလေအလွင့်မရှိစေရေး သက်ဆိုင် ရာဌာနများနှင့်အတူ    ဝိုင်းဝန်းထိန်းသိမ်းသွားကြရ မည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။


ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး  စည်ပင် သာယာရေးအဖွဲ့   ညွှန်ကြားရေးမှူး   ဦးမင်းအောင် မြင့်စိုးက   မိတ္ထီလာကန်မှ  ရေဖြန့်ဖြူးပေးနေမှုဆိုင်ရာ  အချက်အလက်များကို             ရှင်းလင်းပြောကြားပြီး  ဒေသခံတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။  ထို့နောက် တိုင်းဒေသကြီး  ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  စက်ရုံကိုဖွင့်လှစ်ပေးပြီး    ဝန်ကြီးချုပ်က    စက်ခလုတ်  နှိပ်၍ ရေစတင်ဖြန့်ဖြူးပေးသည်။ 


ဆက်လက်၍    တိုင်းဒေသကြီး   ဝန်ကြီးချုပ်နှင့် အဖွဲ့သည်     (၇၈)နှစ်မြောက်   တပ်မတော်နေ့ကို  ဂုဏ်ပြုကြိုဆိုဖွင့်လှစ်သည့်   ပျော်ဘွယ်မြို့နယ်ရှိ ၃၃/၁၁   ကေဗွီ(၅)  အမ်ဗွီအေ   ယင်းတော်လျှပ်စစ် ဓာတ်အားခွဲရုံ      ဖွင့်ပွဲအခမ်းအနားသို့ရောက်ရှိပြီး  ဓာတ်အားခွဲရုံကို  ဖွင့်လှစ်ပေးသည်။


၎င်းနောက် ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာတိုင်းဒေသကြီး ဝန်ကြီးချုပ်ကယခုဖွင့်လှစ်လိုက်သည့်  ဓာတ်အားခွဲရုံမှ   ပျော်ဘွယ် မြို့နယ်ရှိ    ကျေးရွာပေါင်း ၃၃  ရွာကို    လျှပ်စစ် ဓာတ်အား   ဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်ကြောင်း၊           ကျန်ရှိနေရာများကိုလည်း   အမြန်ဆုံးဖြန့်ဖြူးပေး နိုင်ရန် ကြိုးစားဆောင်ရွက်နေကြောင်း  ပြောကြား သည်။


မွန်းလွဲပိုင်းတွင်  မိတ္ထီလာခရိုင်အတွင်းရှိ   ခရိုင်/ မြို့နယ်အဆင့်   ဌာနဆိုင်ရာများ၊    မြို့မိမြို့ဖများ၊ အသေးစား၊ အငယ်စားနှင့်  အလတ်စား စီးပွားရေး (MSME)လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနား ကို  မိတ္ထီလာမြို့ ကန်တော်မင်္ဂလာခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်အမှာစကား ပြောကြားသည်။ 


တိုင်းဒေသကြီး ဝန်ကြီးချုပ်က  MSME လုပ်ငန်း ရှင်များ၏      ကြုံတွေ့နေသည့်     အခြေအနေများ ကို    သိရှိရန်နှင့်   ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရန်   လာရောက်တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊     စိုက်ပျိုး မွေးမြူရေးကဏ္ဍ   ဖွံ့ဖြိုးတိုးတက်အောင်  တောင်သူ၊ လုပ်ငန်းရှင်၊ ပညာရှင်၊   ဌာဆိုင်ရာ  အများစုပေါင်း ဆောင်ရွက်ခြင်းဖြင့်   ပိုမိုထိရောက်    အောင်မြင်  လာမည်ဖြစ်ပါကြောင်း     စသည်ဖြင့်     ပြောကြား သည်။


ယင်းနောက်   တိုင်းဒေသကြီး   ဝန်ကြီးချုပ်နှင့် အဖွဲ့သည်  မိတ္ထီလာစက်မှုဇုန်ရှိ  ဆန်စက်လုပ်ငန်းရှင် ဦးအောင်ဇင်မင်းထိုက်၏     အောင်သစ္စာဆန်စက်၊ ဝမ်းတွင်းမြို့နယ်တွင်   အသေးစား၊    အလတ်စား၊ လုပ်ငန်းရှင်များ    စုပေါင်းတည်ထောင်ထားသည့် Leaders  Of  Textile  Public     ကုမ္ပဏီ၏    ချည်ဆေးဆိုးစက်ရုံနှင့်  ဝမ်းတွင်းမြို့နယ်  ကျွဲတပ် ကျေးရွာရှိ      ဦးသန်းထွန်း၏    ငါးမွေးမြူရေးလုပ်ငန်း တို့သို့    သွားရောက်ကြည့်ရှုပြီး     လိုအပ်သည်များ ကို  သက်ဆိုင်ရာဝန်ကြီးများနှင့်  ပေါင်းစပ်ညှိနှိုင်း   ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


 သတင်းစဉ်