ကြက်ခြေနီအရေးပေါ်လူနာတင်ယာဉ်များ လွှဲပြောင်းပေးအပ်ပွဲကျင်းပ

 

ရန်ကုန်  မတ် ၁၆ 


မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့မှ မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊   ပဲခူးတိုင်းဒေသကြီး   ပြည်ခရိုင်  ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် သာယာဝတီခရိုင်   ကြက်ခြေနီကြီးကြပ်မှုကော်မတီများသို့   ကြက်ခြေနီအရေးပေါ်လူနာတင်ယာဉ်များ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်ရုံးခွဲ၌ ပြုလုပ်သည်။


အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ  ဒေါက်တာမောင်မောင်မြင့်က   ကြက်ခြေနီ အရေးပေါ်လူနာတင်ယာဉ်စနစ်ကို  မိမိတို့မြို့နယ် အတွင်းရှိ ရပ်ရွာလူထုနာမကျန်းဖြစ်သည့်အခါ အကူ အညီပေးရန်၊    မတော်တဆ   ထိခိုက်မှုများအတွက် အရေးပေါ်ကူညီရန်၊ လူနာတင်ယာဉ် ဝန်ဆောင်မှု အတွက် ဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်ရန်စသည့်  ရည်ရွယ်ချက်များဖြင့်    ဆောင်ရွက်နေပါကြောင်း၊ လွှဲပြောင်းပေးသော ကြက်ခြေနီအရေးပေါ်လူနာတင် ယာဉ်များကို     ရပ်ရွာလူထုအတွက်   ထိထိရောက် ရောက်   စနစ်တကျ   အသုံးပြုကြစေလိုပါကြောင်း ပြောကြားသည်။


ထို့နောက်     အပြည်ပြည်ဆိုင်ရာ    ကြက်ခြေနီ ကော်မတီမှ Movement Cooperation Coordinator Ms.Bonny  Foo  က  အမှာစကား  ပြောကြားပြီး မန္တလေးတိုင်းဒေသကြီး     ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ    ဒေါက်တာသိန်းထွန်းဆောင်နှင့် ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ  ဦးမြင့်သိန်းတို့က ကျေးဇူးတင်စကား များ ပြောကြားကြသည်။


ထို့နောက်     ပဲခူးတိုင်းဒေသကြီး      ပြည်ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် သာယာဝတီ ခရိုင်       ကြက်ခြေနီကြီးကြပ်မှုကော်မတီများသို့ ကြက်ခြေနီ  အရေးပေါ်လူနာတင်ယာဉ်    နှစ်စီးကို လွှဲပြောင်းပေးအပ်ပြီး     မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီအတွက် ကြက်ခြေနီ အရေးပေါ်လူနာတင်ယာဉ်   နှစ်စီးကို   ဆက်လက် လွှဲပြောင်းပေးသွားမည်ဖြစ်သည်။


နိုင်ငံတစ်ဝန်းရှိ    မြို့နယ်များမှ   ကြက်ခြေနီ စေတနာလုပ်အားရှင်များသည် ရပ်ရွာလူထုအတွင်း ကြက်ခြေနီအရေးပေါ်လူနာတင်ယာဉ်   အကူအညီ လိုအပ်သူများကို   စဉ်ဆက်မပြတ်   အကူအညီပေး လျက်ရှိရာ   ၂၀၂၀  ပြည့်နှစ်မှ  ၂၀၂၂  ခုနှစ်အတွင်း ကြက်ခြေနီအရေးပေါ်လူနာတင်ယာဉ်ဖြင့် အကူအညီ ပေးခြင်း ၂၁၃၇၆ ကြိမ် ကူညီဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။    

ဝင်းအောင်(ကြက်ခြေနီ)