သိပ္ပံနှင့် နည်းပညာ ဆန်းသစ်တီထွင်မှုများ တိုးပွားဖြစ်ထွန်းရေး ကြိုးပမ်းစွမ်းဆောင်

 

ရန်ကုန်   မတ်   ၁၆


သိပ္ပံနှင့်  နည်းပညာဝန်ကြီးဌာန   ဒုတိယဝန်ကြီး         ဒေါက်တာ အောင်ဇေယျသည်  ယမန်နေ့က  သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန (ရန်ကုန်) ကို ကြည့်ရှု စစ်ဆေးသည်။

 


ဦးစွာ  ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်း၊       ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ   နှင့် တာဝန်ရှိသူများက      စီမံကိန်း အောင်မြင်မှု၊        နိုင်ငံတကာနှင့် ပြည်တွင်းပူးပေါင်းဆောင်ရွက်မှု၊ အသေးစား၊      အငယ်စားနှင့် အလတ်စား အင်တာပရိုက်များသို့ နည်းပညာလွှဲပြောင်းပေးမှု၊ အမျိုး သားအဆင့် အရည်အသွေးဆိုင်ရာ  အခြေခံအဆောက်အအုံလုပ်ငန်းစဉ်များ၊ ဝန်ဆောင်မှုနှင့် ဓာတ်ခွဲ ခန်း စမ်းသပ်ခြင်း လုပ်ငန်းစဉ်များ ကို    ရှင်းလင်းတင်ပြရာ     ဒုတိယ ဝန်ကြီးက နိုင်ငံ့ရှေ့လုပ်ငန်းစဉ် များ၊ ဦးတည်ချက်များ အောင်မြင် စွာ              အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး         အတွက် အားထားရသည့်    နိုင်ငံတကာ အဆင့်မီ သုတေသနဌာနဖြစ်စေ ရေး အလေးထားဆောင်ရွက်ရန်၊  ပြည်သူ့လူမှုစီးပွားဘဝ     ဖွံ့ဖြိုး တိုးတက်ရေးမှသည် ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်တည် ဆောက်ရာတွင် အထောက်အကူ ပြုနိုင်မည့်  စွမ်းရည်မြင့် သုတေသီ ရင်းမြစ်များ မွေးထုတ်နိုင်စေရေး နှင့် သိပ္ပံနှင့် နည်းပညာဆန်းသစ် တီထွင်မှုများ  တိုးပွားဖြစ်ထွန်းရေး ကြိုးပမ်း      စွမ်းဆောင်ကြရန် တိုက်တွန်းမှာကြားပြီး     ဂုဏ်ပြု လက်ဆောင်များ ပေးအပ်သည်။

 


ဆက်လက်၍ ဒုတိယဝန်ကြီး သည်           အီလက်ထရောနစ် နည်းပညာ သုတေသနဗဟိုဌာနရှိ ရေဒါနည်းပညာဆိုင်ရာ    သုတေ သနဓာတ်ခွဲခန်းတွင်       မြေပြင် အခြေစိုက်ဂြိုဟ်တုဆက်သွယ်ရေး နည်းပညာစမ်းသပ်လေ့လာခြင်း၊ မိုက်ခရို        အီလက်ထရောနစ် နည်းပညာ စမ်းသပ်လေ့လာခြင်း နှင့် ရေဒါစနစ်ကို ဒီဇိုင်းရေးဆွဲပြီး Software   ဖြင့်   ပုံစံတူပြုလုပ်၍  စမ်းသပ်လေ့လာခြင်း၊ အမျိုးသား ဓာတ်ခွဲခန်းရှိ      အီလက်ထရွန် အသုံးပြု၍        အဏုစိပ်ဓာတ်ခွဲ တိုင်းတာခြင်း၊ ဓာတုဓာတ်ခွဲဌာန၊ ဒြပ်စင်ဓာတ်ခွဲဌာန၊    ဒြပ်ပစ္စည်း ဂုဏ်သတ္တိ တိုင်းတာစမ်းသပ်ရေး ဌာန၊ ဒြပ်ပစ္စည်းဓာတ်ခွဲဌာန၊ ပြန်  ပြည့်မြဲစွမ်းအင်နှင့်      တိကျစွာ တိုင်းတာမှု       နည်းပညာသိပ္ပံ (မြန်မာ)    ရှိ    နိုင်ငံတကာအသိ အမှတ်ပြု ISO/IEC 17025:2017 လက်မှတ်ရရှိထားသည့် ဓာတ်ခွဲ ခန်းနှင့်    အခြားဓာတ်ခွဲခန်းများ၊  အစားအစာ  ဆန်းသစ်တီထွင်မှု ဌာန၊ ဓာတုနည်းပညာ သုတေသန ဗဟိုဌာနတို့ရှိ သုတေသနလုပ်ငန်း  ဆောင်ရွက်မှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေ ရန်နှင့်         စွန့်ဦးတီထွင်မှုများ၊ ပြည်တွင်းထုတ်ကုန်များ တိုးပွား လာစေရန် လိုအပ်သည့်နည်းပညာ များ   လွှဲပြောင်းခြင်းနှင့်   ဖြန့်ဝေ ခြင်းများ တိုးမြှင့်နိုင်ရေး အလေး ထားဆောင်ရွက်ရန်၊   တက္ကသိုလ် များနှင့်      ကွန်ရက်ချိတ်ဆက်၍ Internship ကျောင်းသားများအား ပိုမိုလက်ခံရန်နှင့်      သုတေသန လုပ်ငန်းများကို ထိရောက်ပီပြင်စွာ  ပူးပေါင်းဆောင်ရွက်ရန်နှင့် လိုအပ် သည်များကို မှာကြားခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်