ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၉) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 

နေပြည်တော်   မတ်   ၁၆


ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၉) ကြိမ်မြောက်  လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်း တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး  ဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ  လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့   ဗဟို လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဗဟိုလယ်ယာမြေ စီမံ ခန့်ခွဲမှု အဖွဲ့ဝင်များ စုံညီစွာတက်ရောက်ဆွေးနွေး ကြသည်။

 


ဦးစွာ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက       ဗဟိုလယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့အနေဖြင့် နိုင်ငံတော်မှ ချမှတ်ထားသော မြေယာမူဝါဒများကို အကောင်အထည်ဖော် ဆောင် ရွက်ရန်နှင့် နိုင်ငံတော်၏ စားနပ်ရိက္ခာ ဖူလုံပိုလျှံရေး အတွက် စိုက်ပျိုးမြေများ မလျော့ပါးစေရေး စိစစ် ကြပ်မတ်ဆောင်ရွက်ရန်ဖြစ်သည့်အတွက် လယ်ယာ မြေကို အခြားနည်း အသုံးပြုခွင့် လျှောက်ထားလာမှု များအပေါ်   စိစစ်ဆောင်ရွက်ရာတွင်   ဒေသဝမ်းစာ ဖူလုံရေးအတွက် လက်ရှိစိုက်ပျိုးလုပ်ကိုင်နေသည့် လယ်ယာမြေများ မပါဝင်စေရေးကို ဂရုပြုဆောင် ရွက်ရမည်ဖြစ်ကြောင်း။

 


နိုင်ငံတော်နှင့်   အများပြည်သူများ   အကျိုးငှာ  ဆောင်ရွက်ရသောလုပ်ငန်းများ၌      ပါရှိသွားသော လယ်ယာမြေများအတွက် သက်ဆိုင်ရာဘဏ္ဍာရေး  နှစ်အတွင်း နစ်နာကြေး၊ လျော်ကြေး လျင်မြန်စွာ ပေးချေနိုင်ခြင်းဖြင့်    မြေယာပိုင်ရှင်     တောင်သူ လယ်သမားများအတွက် ဥပဒေအရ ပေးအပ်ထား သော  ရပိုင်ခွင့်များ နှောင့်နှေးမှုမရှိ  ခံစားနိုင်ကြရန်  နှင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာစီမံကိန်းလုပ်ငန်းများ နှောင့်နှေးမှုမရှိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက်      ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က    ကြိုးပမ်း     ဆောင်ရွက်လျက် ရှိကြောင်း။    

 


နစ်နာကြေး၊ လျော်ကြေးပေးချေနိုင်ရေး စိစစ် တွက်ချက်ဆောင်ရွက်ရာတွင် လယ်ယာမြေပေါ်တွင် စိုက်ပျိုးထားသော          သီးနှံများအတွက်ကိုသာ  ထည့်သွင်း တွက်ချက်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊  စားကျက်မြေ၊ လ/န -၃၉ ခွင့်ပြုမိန့်ရရှိထားသည့်မြေ၊ မြို့မြေ၊ ရွာမြေ၊ မြေလွတ်၊ မြေရိုင်း စသည့် လယ်ယာ မြေနှင့် အကျုံးမဝင်သော မြေမျိုးများပေါ်တွင် စိုက်ပျိုး ထားသောသီးနှံများ ပါဝင်မှုမရှိစေရေး အထူးဂရုပြု စိစစ်တွက်ချက်ပြီး လယ်ယာမြေဥပဒေ၊ နည်းဥပဒေ များပါ    ပြဋ္ဌာန်းထားသည့်    အချက်များနှင့်အညီ ပေးလျော်ရမည့်    မြေအမျိုးအစား     မှန်ကန်ရေး အလေးထားဆောင်ရွက်ရန်လိုကြောင်း။

 


အလားတူ ကာယကံရှင်များသို့ လျော်ကြေး၊  နစ်နာကြေး ပေးချေပြီးပါက သက်ဆိုင်ရာဌာနများ  အနေဖြင့် လုပ်ငန်းအလိုက် မြေအမည်ပေါက် ပိုင်ဆိုင် ရယူနိုင်ရေးကို တစ်ဆက်တည်းဆောင်ရွက်သွားရန်  လိုကြောင်း၊  သို့မှသာ  နောင်တချိန်တွင်  ဖြစ်ပေါ် လာနိုင်သည့် မြေယာအရှုပ်အရှင်း  ပြဿနာများမှ ကင်းဝေးစေမည်ဖြစ်သကဲ့သို့ နိုင်ငံတော်၏ မြေကြီး မြေပုံ   စာရင်းဇယားမှန်ကန်ရေး   လုပ်ငန်းရပ်ကို ဆောင်ရွက်နိုင်မည်ဖြစ်၍ မြေအမည်ပေါက် ပိုင်ဆိုင် ရယူနိုင်ရေး    လုပ်ငန်းစဉ်များ     ပြီးဆုံးသည်အထိ တိတိကျကျ ဆောင်ရွက်ကြရန်လိုကြောင်း ဆွေးနွေး မှာကြားသည်။

 


ထို့နောက်    ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး    ဦးသက်နိုင်ဦးက     နိုင်ငံတော်၏ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သိမ်းယူ ခြင်းခံရသည့် လယ်ယာမြေများအတွက် နစ်နာကြေး၊ လျော်ကြေးများကို   တည်ဆဲလယ်ယာမြေ   ဥပဒေ၊  နည်းဥပဒေများနှင့်အညီ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်  မကုန်ဆုံးမီ လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် နေပြည်တော်     လယ်ယာမြေ      စီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်က စိစစ်ပြီး သဘောထားမှတ်ချက်ဖြင့် ထောက်ခံတင်ပြလာသော လုပ်ငန်းစာတွဲများ၊ ယခင် အစည်းအဝေးဆုံးဖြတ်ချက်များအရ ပြန်လည်တင်ပြ လာသော  လုပ်ငန်းစာတွဲများ၊  အစည်းအဝေးတွင်  စိစစ်ဆောင်ရွက်ရမည့်        လုပ်ငန်းစာတွဲများကို ဖတ်ကြားတင်ပြရန် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့များက လုပ်ငန်းတစ်ခု ချင်း ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။ 

 


လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် ရရှိပြီး သူများအနေဖြင့်လည်း ခွင့်ပြုချက် ရရှိပြီးနောက်  ခွင့်ပြုသည့်နေရက်မှ  ခြောက်လအတွင်း  လယ်ယာ မြေကို  သတ်မှတ်သည့် နည်းလမ်းအတိုင်း စတင် အကောင်အထည်ဖော်  ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊   သတ်မှတ်ကာလအတွင်း   လုပ်ငန်းများ ပြီးစီးအောင်ဆောင်ရွက်နိုင်ခြင်းမရှိပါက  လယ်ယာ  မြေ စီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်က စိစစ်ပြီးလယ်ယာ မြေဥပဒေပုဒ်မ ၃၁ ပါ ပြဋ္ဌာန်းချက်နှင့်အညီ ပြန်လည် ပယ်ဖျက်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း  သိရသည်။


သတင်းစဉ်