သိန်းနီမြို့ရှိ စော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ ဟော်နန်းတော်(သိန်းနီဟော်နန်း)ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများနှင့် ဆောင်ရွက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  မတ်   ၁၆


နိုင်ငံတော်       စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ          နိုင်ငံတော် ဝန်ကြီးချုပ်      ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်       (မြောက်ပိုင်း) သိန်းနီမြို့ရှိ         စော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏       ဟော်နန်း တော်        (သိန်းနီဟော်နန်း)ကို ပြန်လည်     တည်ဆောက်ခြင်း လုပ်ငန်းများ     ဆောင်ရွက်လျက် ရှိရာ       ယနေ့နံနက်ပိုင်းတွင် သိန်းနီဟော်နန်း ဖြစ်မြောက်ရေး ကော်မတီ    ဦးဆောင်နာယက ဆရာတော်ကြီးများ၊       အရှေ့ မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြိုဖများက အဆိုပါ သိန်းနီဟော်နန်းတော်သို့ သွားရောက်ကြည့်ရှုကြသည်။

 


ဦးစွာ      ဆရာတော်အရှင် သူမြတ်တို့   ရွတ်ဖတ်သရဇ္ဈာယ် တော်မူကြသည့် အန္တရာယ်ကင်း ပရိတ်တရားတော်များကို   နာယူ ကြည်ညိုကြပြီး    တိုင်းမှူးနှင့် အဖွဲ့ဝင်များက   ဆရာတော်ကြီး များအား     လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

 


ထို့နောက်   သိန်းနီဟော်နန်း ပြန်လည်      တည်ဆောက်ခြင်း လုပ်ငန်းများနှင့်        ပတ်သက်၍ လုပ်ငန်းညှိနှိုင်း   အစည်းအဝေး ဆောင်ရွက်ခဲ့ရာ      ဟော်နန်း ပြန်လည်တည်ဆောက်မှု ပူးပေါင်း ဆောင်ရွက်ရေး       ကော်မတီမှ အဖွဲ့ဝင်များ၊    တာဝန်ခံအင်ဂျင် နီယာများနှင့် ဌာနဆိုင်ရာတာဝန် ရှိသူများက   လုပ်ငန်းဆောင်ရွက် နေမှု၊       ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့် အခြေ အနေများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြကြရာ တိုင်းမှူးနှင့် တာဝန် ရှိသူများက    လိုအပ်သည်များ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

 


ယင်းနောက် သိန်းနီဟော်နန်း ဖြစ်မြောက်ရေးကော်မတီ ဦးဆောင် နာယက    ဆရာတော်ကြီးများ၊ တိုင်းမှူးနှင့်အဖွဲ့ဝင်များက သိန်းနီ ဟော်နန်း  ပြန်လည်တည်ဆောက် နေမှု၊  လုပ်ငန်းပြီးစီးမှုနှင့်   သိန်းနီ မြို့အဝင်ရှိ  သိန်းနီနောင်ကန်တော် ကြီးတို့ကို    သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး      ဟော်နန်းတည် ဆောက်ရေးနှင့်    သိန်းနီနောင်  ကန်တော်ကြီးနှင့် ပတ်ဝန်းကျင်    သာယာလှပရေးအတွက် တာဝန် ရှိသူများ၏ တင်ပြချက်များအပေါ်  လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။                  

 

 သတင်းစဉ်