မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ကမ္ဘောဒီးယားဗဟိုဘဏ် ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံ

 

နေပြည်တော်   မတ်   ၁၆


မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ   ဒေါ်သန်းသန်းဆွေသည်   ကမ္ဘောဒီးယားဗဟိုဘဏ်မှ   နှစ်နိုင်ငံ ငွေပေးချေမှုစနစ် ချိတ်ဆက်ရေးဆိုင်ရာ လာရောက်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

 


ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့၏ လက်ရှိဆောင်ရွက်နေသော ငွေပေးချေမှုစနစ်၊ နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးကြသည်။ 

 


တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌများ၊  အမြဲတမ်းအတွင်းဝန်နှင့်  ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။ 


သတင်းစဉ်