ကယားပြည်နယ်၏ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် လယ်ယာကဏ္ဍကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်း

 

နေပြည်တော်  မတ်   ၁၆


ကယားပြည်နယ်၏ စိုက်ပျိုးရေး၊ မွေးမြူရေး     လုပ်ငန်းများနှင့် လယ်ယာကဏ္ဍကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ   ဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်ချက် များ  ကူညီဖြည့်ဆည်းပေးနိုင်ရန် စိုက်ပျိုးရေး၊     မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယမန်နေ့က   ကယားပြည်နယ် စိုက်ပျိုးရေး       ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်၊ ခရိုင်၊   မြို့နယ်အဆင့်  လယ်ယာ ကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

 


တွေ့ဆုံစဉ်    ဒုတိယဝန်ကြီး က        တောင်သူအချင်းချင်း အတွေ့အကြုံ        ဖလှယ်နိုင်ရန်   ပေါင်းစပ်ဆောင်ရွက်ပေးခြင်းဖြင့်  တောင်သူ   ပူးပေါင်းပါဝင်သော နည်းပညာပေး     လုပ်ငန်းများ ထိရောက်အောင်မြင်ရေး အကောင် အထည်ဖော်   ဆောင်ရွက်သွား ကြရန်လိုကြောင်း၊      စိုက်ပျိုး နည်းပညာပြန့်ပွားရေး  ဝန်ထမ်း များအနေဖြင့် မြေပြင်၏ ပကတိ စိုက်ပျိုးထုတ်လုပ်မှုနှင့် တောင်သူ များ၏        လူမှုစီးပွားဘဝကို အနီးကပ်       သိရှိသူများဖြစ်ရာ တောင်သူ့အခက်အခဲနှင့်   လိုအပ် ချက်များကို ထိထိရောက်ရောက် ကူညီ      ဖြည့်ဆည်းပေးနိုင်ရေး အတွက်    သုတေသနဌာနများ အပါအဝင် သက်ဆိုင်ရာဌာနများ နှင့်      တောင်သူများအကြား ပေါင်းကူး      ဆက်စပ်ပေးသည့် ဝန်ဆောင်မှုကို    အလေးအနက် ထား              ဆောင်ရွက်ကြစေ လိုကြောင်း၊  အလားတူ  တောင်သူ များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာများအကြား ပူးပေါင်း ဆောင်ရွက်မှု ပိုမိုအားကောင်းလာ စေရေးနှင့် တောင်သူများ ယုံကြည် အားကိုးသည့်    လယ်ယာကဏ္ဍ ဆိုင်ရာ           ပညာရှင်များအဖြစ် ခိုင်ခိုင်မာမာ    ရပ်တည်နိုင်ရေး အတွက် စဉ်ဆက်မပြတ် ကြိုးပမ်း အားထုတ်ကြ       စေလိုကြောင်း  ဆွေးနွေးမှာကြားသည်။

 


ထို့နောက်    လယ်ယာကဏ္ဍ ဆိုင်ရာ        တာဝန်ရှိသူများက သက်ဆိုင်ရာ     ဌာနများအလိုက် ဆောင်ရွက်ဆဲ   လုပ်ငန်းများနှင့် ဘဏ္ဍာနှစ်အလိုက်    လုပ်ငန်း လျာထားချက်များကို    လည်း ကောင်း၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်        နည်းပညာ ပြန့်ပွားရေးလုပ်ငန်းများ၊   သီးနှံ အလိုက်       မျိုးကောင်းမျိုးသန့် မျိုးစေ့များ   အသုံးပြုနိုင်ရေးနှင့် အဓိကသီးနှံများ၏      ပန်းတိုင် အထွက်ရရှိရေး ဆောင်ရွက်ထားရှိမှုတို့ကိုလည်းကောင်း ရှင်းလင်း တင်ပြရာ       ဒုတိယဝန်ကြီးက လိုအပ်ချက်များ       ဖြည့်ဆည်း ဆွေးနွေး      မှာကြားခဲ့ကြောင်း သိရသည်။                  

သတင်းစဉ်