မြန်မာနိုင်ငံရှိ သံသတ္တုရိုင်းထွက်ရှိရာဒေသများနှင့် အသုံးပြုနိုင်သည့် သံနှင့်သံမဏိထုတ်လုပ်သည့် နည်းစဉ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် သစ်/ဝါး ပေါက်ရောက်မှု အခြေအနေများအပေါ်မူတည်၍ ပျော့ဖတ်စက်ရုံများ တည်ထောင်နိုင်ရေး ညှိနှိုင်း စည်းဝေး

 

မြန်မာနိုင်ငံရှိ သံသတ္တုရိုင်းထွက်ရှိရာဒေသများနှင့် အသုံးပြုနိုင်သည့် သံနှင့်သံမဏိထုတ်လုပ်သည့် နည်းစဉ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် သစ်/ဝါး ပေါက်ရောက်မှု အခြေအနေများအပေါ်မူတည်၍ ပျော့ဖတ်စက်ရုံများ တည်ထောင်နိုင်ရေးတို့နှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်   မတ်   ၁၆


မြန်မာနိုင်ငံရှိ  သံသတ္တုရိုင်းထွက်ရှိရာ  ဒေသများနှင့်  အသုံးပြုနိုင်သည့်  သံနှင့်သံမဏိ ထုတ်လုပ်သည့် နည်းစဉ်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် သစ်/ဝါး ပေါက်ရောက်မှု အခြေအနေများအပေါ်မူတည်၍ ပျော့ဖတ်စက်ရုံများ တည်ထောင်နိုင်ရေးတို့နှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန၌ ကျင်းပသည်။

 


အစည်းအဝေးတွင်         စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး      ဒေါက်တာချာလီသန်းက ယခုအချိန်တွင်     မြန်မာနိုင်ငံ၏    သံနှင့်သံမဏိ ထုတ်လုပ်မှုလုပ်ငန်းသည်        နိုင်ငံပိုင်အနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာနတွင် စက်ရုံတစ်ရုံ၊ စက်မှု ဝန်ကြီးဌာနတွင် စက်ရုံနှစ်ရုံနှင့် မြန်မာ စီးပွားရေး ကော်ပိုရေးရှင်းတွင် စက်ရုံ သုံးရုံရှိကြောင်း၊ ပုဂ္ဂလိက အနေဖြင့်           ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်တို့တွင်    ပုဂ္ဂလိကစက်မှု လုပ်ငန်း  မှတ်ပုံတင်ပြုလုပ်ထားသည့်  သံရည်ကျို လုပ်ငန်းပေါင်း   ၃၆၂   ခုတို့ဖြင့်   မြန်မာနိုင်ငံ၏ သံနှင့်သံမဏိ  လိုအပ်ချက်ကို   ဖြည့်ဆည်းဆောင် ရွက်ပေးလျက်ရှိပြီး    သံနှင့်သံမဏိထုတ်လုပ်မှု ကဏ္ဍ   ဖွံ့ဖြိုးတိုးတက်စေရန်   ဆောင်ရွက်လျက် ရှိကြောင်း။

 


နိုင်ငံတော်အကြီးအကဲ၏ အားပေးဆောင်ရွက် ပေးမှုဖြင့် အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)ရှိ သံရည် ကျိုအလုပ်ရုံ   (Melt Shop-1) ကို ယခုလအတွင်း ပြန်လည်လည်ပတ်၍ သံမဏိလေးထောင့်တုံး (Steel Billet) ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်လျက် ရှိကြောင်း၊ အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)တွင် သံသတ္တုရိုင်းမှ     သံစိမ်းထုတ်လုပ်ခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် စတင်လည်ပတ်နိုင် ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ တွင် နှစ်စဉ်သံမဏိတန်ချိန် သုံးသန်းခန့် လိုအပ် သော်လည်း ပြည်တွင်း၌ တစ်နှစ်လျှင် တစ်သန်းခန့် သာ ထုတ်လုပ်နိုင်သည့်အတွက် သံမဏိတန်ချိန်  နှစ်သန်းခန့်ကို ပြည်ပမှ နိုင်ငံခြားငွေ တစ်ဘီလီယံ ကျော်ခန့် သုံးစွဲ၍ တင်သွင်းနေရကြောင်း၊ ထို့ကြောင့် သံနှင့်သံမဏိ   ထုတ်လုပ်သည့်   နည်းစဉ်များနှင့် ပတ်သက်၍ လေ့လာသိရှိထားသည်များကို အကြံပြု ဆွေးနွေးပေးပါရန် ဖိတ်ခေါ်ပါကြောင်း။
ပျော့ဖတ်စက်ရုံများ    တည်ထောင်နိုင်ရေးနှင့် စပ်လျဉ်း၍  တိုင်းဒေသကြီးနှင့်  ပြည်နယ်အလိုက် သစ်/ဝါး ပေါက်ရောက်မှု အခြေအနေအပေါ်မူတည်ပြီး ပျော့ဖတ်စက်ရုံများကို    ဝါး/သစ်   ကုန်ကြမ်းများ လွယ်လွယ်ကူကူနှင့်    သယ်ယူထုတ်လုပ်နိုင်သည့် နေရာများ၊ ရေအရင်းအမြစ် အလွယ်တကူရရှိနိုင်မည့် နေရာများတွင်      တည်ဆောက်ရမည်ဖြစ်ကြောင်း၊ စက်ရုံမှ ထွက်ရှိမည့် စွန့်ပစ်ရေများကို သန့်စင်ပြီး စနစ်တကျ    ပြန်လည်စွန့်ထုတ်ရန်  လိုအပ်သည့် အတွက် စက်ရုံတည်ဆောက်ရန် မြေနေရာရွေးချယ် မှုသည် အရေးကြီးကြောင်း၊ လိုအပ်သည့် ကုန်ကြမ်း များ ရရှိနိုင်ရေး လွယ်ကူလက်လှမ်းမီသည့် နေရာများ နှင့် ရေ၊ လျှပ်စစ်ဓာတ်အား၊ လောင်စာအရင်းအမြစ် များရရှိနိုင်ရန် လွယ်ကူသည့်နေရာများတွင် ရွေးချယ် ပြီး   ပျော့ဖတ်စက်ရုံများ   တည်ထောင်ရမည်ဖြစ် ကြောင်း ပြောကြားသည်။

 


ထို့နောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက စက္ကူစက်ရုံနှင့် ပျော့ဖတ်စက်ရုံများ တည်ဆောက်နိုင်ရေးအတွက်    မြန်မာနိုင်ငံတွင် စာရင်းကောက်ယူထားသည့် ဝါးထွက်ရှိမှု ဧရိယာဧက အနေဖြင့် ၆၉ ဒသမ ၆ သန်းရှိကြောင်း၊ တစ်နှစ်လျှင် ဝါးအလုံးရေ ၂၆၅ သန်း ထုတ်လုပ်နိုင်မည်ဖြစ်သော် လည်း  ၁၄၅ သန်းလုံးသာ ထုတ်လုပ်သုံးစွဲနေသည်ကို တွေ့ရှိရကြောင်း၊ ဝါးပေါက်ရောက်မှုဧရိယာ စာရင်း များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူ နိုင်မှုမရှိသေးသဖြင့် ဝါးအလုံးရေ ၂၆၅ သန်းထက် ပိုမိုထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးတွင် တင်ဒါစနစ်ဖြင့် သစ်တောစိုက်ခင်းများ တည်ထောင် နိုင်ရန် တောနိမ့်၊ တောပါးဧရိယာ ၃ ဒသမ ၆၅ သန်း ဧကရှိသည့်အတွက် စက္ကူစက်ရုံများ တည်ဆောက် နိုင်ရန်အတွက်   ကုန်ကြမ်းများ  လုံလောက်မှုရှိပါ ကြောင်း၊    စိုက်ခင်းများ  တည်ထောင်စိုက်ပျိုးရေး အတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊   ဝန်ကြီးဌာနအနေဖြင့် သံမဏိစက်ရုံများ တည်ဆောက်နိုင်ရေးနှင့် စက္ကူ နှင့်    ပျော့ဖတ်စက်ရုံများ   တည်ဆောက်နိုင်ရေး အတွက်    စက်မှုဝန်ကြီးဌာန၏  လိုအပ်ချက်များကို အစွမ်းကုန်    ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း    ပြောကြားသည်။

 


ယင်းနောက်    စက်မှုဝန်ကြီးဌာန   အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း   ဦးဆောင်ညွှန်ကြားရေး မှူးက မြန်မာနိုင်ငံရှိ သံသတ္တုရိုင်းထွက်ရှိရာ ဒေသ များ၊ အသုံးပြုနိုင်သည့် သံနှင့်သံမဏိ ထုတ်လုပ်သည့် နည်းစဉ်များနှင့်    သံမဏိစက်ရုံများ  တည်ထောင် ဆောင်ရွက်သွားရန် ဆောင်ရွက်နိုင်မည့် အခြေအနေ များကိုလည်းကောင်း၊  အမှတ်(၃) အကြီးစားစက်မှု လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက ပြည်နယ် နှင့်  တိုင်းဒေသကြီးအလိုက်  ပျော့ဖတ်စက်ရုံများ တည်ဆောက်နိုင်ရန်အတွက် အခြေခံလိုအပ်သော ကုန်ကြမ်းများ၊ အရင်းအမြစ်များကိုလည်းကောင်း၊ ဌာနဆိုင်ရာအရာရှိကြီးများက      သံမဏိစက်ရုံ၊ စက္ကူနှင့် ပျော့ဖတ်စက်ရုံများ တည်ဆောက်နိုင်ရေး အတွက် မြန်မာနိုင်ငံတွင် သစ်တောသယံဇာတနှင့် တွင်းထွက်သယံဇာတများထွက်ရှိမှု အခြေအနေကို လည်းကောင်း ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 


သတင်းစဉ်