
နေပြည်တော် မတ် ၁၆
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ် ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ (၅၁) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော် ဇေယျာသီရိ မြို့နယ် ခရေပင်လမ်းခွဲရှိ သတင်း နှင့် စာနယ်ဇင်းလုပ်ငန်း ဘိုးဝဇီရ ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာန ဆိုင်ရာအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများနှင့် ထူးချွန်ဆုရ ဝန်ထမ်းများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ (၅၁) နှစ်တာ ဖြတ်သန်းလာခဲ့သည့် လုပ်ငန်း ဆောင်ရွက်မှု Video Clip ကို ပြသသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက အမှာစကား ပြောကြားရာတွင် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီး ဌာနသည် တိုင်းရင်းသားပြည်သူ များအား စာပေဗဟုသုတ တိုးပွား စေရေးအတွက် လူထုမီဒီယာမှ တစ်ဆင့် စာပေဖွံ့ဖြိုးတိုးတက်မှု ကို ဆောင်ရွက်ခြင်းနှင့် နိုင်ငံတော် အဖွဲ့အစည်းများ၏ ပုံနှိပ်ခြင်း ဆိုင်ရာများကို သတ်မှတ်ချက်များ နှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ရည်ရွယ်ချက်များဖြင့် ဆောင်ရွက် လျက်ရှိသည့် နိုင်ငံတော်၏ တစ်ခု တည်းသော ပုံနှိပ်ဌာနတစ်ခု ဖြစ်ပါကြောင်း။
ဌာနခွဲတစ်ခုဖြစ်
ပြန်ကြားရေးဝန်ကြီးဌာန၏ ရည်မှန်းချက်များဖြစ်သည့် ပြည်သူ လူထုကို သတင်းအချက်အလက် ပေးရန်၊ အသိပညာပေးရန်နှင့် ဖျော်ဖြေပေးရန်ဆိုသည့် လုပ်ငန်း များကို ဆောင်ရွက်ရာတွင် ပုံနှိပ် ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန အောက်ရှိ ဌာနခွဲတစ်ခုဖြစ်သည့် စာပေဗိမာန် လုပ်ငန်းသည်လည်း အပါအဝင်ဖြစ်ပါကြောင်း၊ စာပေ ဗိမာန်ကဏ္ဍများအနေဖြင့် ပြည်သူ များ ဗဟုသုတရှိစေမည့် စာအုပ် စာပေများ ထုတ်ဝေခြင်း၊ ရောင်းချ ခြင်း၊ စာတမ်းဖတ်ပွဲများ ကျင်းပ ခြင်း၊ စာပေစကားဝိုင်းများ၊ စာပေ ဆွေးနွေးပွဲ ကျင်းပခြင်းနှင့်အတူ စာပေဆု ချီးမြှင့်ခြင်းလုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိပါကြောင်း။
နိုင်ငံ့ ဝန်ထမ်းကောင်းများ အနေဖြင့် ပြည်သူကို ပေးဆပ်ရ မည်ဟု ခံယူပြီး ရိုးသားစွာဖြင့် ပြည်သူ့အတွက် ပူးပေါင်းဆောင် ရွက်ကြစေလိုပါကြောင်း၊ ပုံနှိပ်ရေး နှင့် ထုတ်ဝေရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဝန်ကြီးဌာန၏ လုပ်ငန်းများကို နောက်တန်းမှ ခံစစ်မှူးကောင်းများသဖွယ် ပံ့ပိုး ကူညီနေကြသူများ ဖြစ်ပါကြောင်း၊ (၅၁)နှစ်မြောက် နှစ်ပတ်လည်နေ့ တွင် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာနကို ဂုဏ်ယူစွာဖြင့် အသိအမှတ်ပြုသကဲ့သို့ နောင်တွင် လည်း ဆက်လက်ဂုဏ်ယူရမည့် ဦးစီးဌာနတစ်ခုအဖြစ် ဆက်လက် ကြိုးစား ဆောင်ရွက်စေလိုပါ ကြောင်း ပြောကြားသည်။
ထောက်ပံ့ပေးအပ်
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးက ပုံနှိပ်ရေးနှင့် ထုတ်ဝေ ရေးဦးစီးဌာနမှ ဝန်ထမ်း ၈၆၂ ဦး အတွက် ငွေကျပ် ၈၉ သိန်း တန်ဖိုးရှိ ဝတ်စုံများကို ထောက်ပံ့ ပေးအပ်ရာ ပုံနှိပ်ရေးနှင့် ထုတ်ဝေ ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးဝင်းကျော်အောင်က လက်ခံရယူသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တွင် ဖွင့်လှစ်ခဲ့သည့် သင်တန်းများတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် အထက်မြန်မာပြည် အစိုးရပုံနှိပ် စက်ရုံ (မန္တလေး) မှ ရုံးအုပ် (စီမံ) ဒေါ်မြတ်မွန်ဖြိုးနှင့် စီမံရေးရာ ဌာနခွဲ နေပြည်တော်(ရုံးချုပ်) မှ အကြီးတန်းစာရေး (စီမံ) ဒေါ်အေး သန္တာဦးတို့ကို ဂုဏ်ပြုမှတ်တမ်း လွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်သည်။
ထို့နောက် ပြန်ကြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က အောင်ဆန်း ပုံနှိပ်စက်ရုံရှိ ပတ်လည်စက် Web Offset ( Goss) အား Black And White ပုံနှိပ်လုပ်ငန်းတွင် ပြန်လည်အသုံးပြုနိုင်ရန် ကြိုးစား ဆောင်ရွက်ခဲ့သည့် ဝန်ထမ်းသုံးဦး ကို လည်းကောင်း၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဝင်းကျော်အောင်က ကျောင်းသုံးဖတ်စာအုပ်လုပ်ငန်းများကို အချိန်မီ ပြီးစီးအောင် ကြိုးစား ဆောင်ရွက်ခဲ့ကြသည့် ဖိုတိုလစ်သို ပုံနှိပ်စက်ရုံနှင့် နေပြည်တော်ပုံနှိပ်စက်ရုံ (ဇေယျာ သီရိ) တို့မှ ဝန်ထမ်းလေးဦးတို့ကို လည်းကောင်း ဂုဏ်ပြုမှတ်တမ်း လွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်ကြသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်တို့က ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ဝန်ထမ်းများအား စက်ဘီးနှစ်စီး နှင့် ငွေသားဆုမဲများကို ပျော်ရွှင် စွာ ကံစမ်းမဲဖောက်ပေးကြပြီး ဆုရရှိသည့် ဝန်ထမ်းများကို ဆုများ ပေးအပ်ကြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲ များသည် ပုံနှိပ်ရေးနှင့် ထုတ်ဝေ ရေးဦးစီးဌာန အရာထမ်း၊ အမှုထမ်း များနှင့်အတူ နေ့လယ်စာကို အတူတကွ သုံး ဆောင်ခဲ့ကြသည်။
သတင်းစဉ်