သမဝါယမအသင်းလီမိတက်ပိုင် တန် ၃၀ ဆန်စက်က စပါးများ ကြိတ်ခွဲဆောင်ရွက်လျက်ရှိ

 

နေပြည်တော်   မတ်   ၁၆


ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ်ရှိ နန့်ယွန်းကျေးရွာ၌တော်ဝင်မိုင်းယောင်း အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း လီမိတက်ပိုင် တန် ၃၀ ဆန်စက်ကို ၂၀၂၂ ခုနှစ် ဩဂုတ် ၂၁ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး အသင်းပိုင် ဆန်စက်လုပ်ငန်းအတွက် လိုအပ် သော စပါးများကို  လွယ်ကူစွာဝယ်ယူရရှိနိုင်စေရန်နှင့်  ဒေသတွင်း ဆန်ဖူလုံစေရန်အတွက်  စပါးစိုက်တောင်သူများအား စုစည်း၍ သမ ဝါယမအသင်း ကိုးသင်းကို ဖွဲ့စည်းခဲ့ပြီး တောင်သူများနှင့် ချိတ်ဆက်၍ စပါးဝယ်ယူကြိတ်ခွဲ ဆောင်ရွက်လျက်ရှိသည်။ 

 


အသင်းအနေဖြင့်   ဒေသခံတောင်သူများထံမှ  ဒေသထွက်စပါး မှော်ဘီ- ၃ နှင့် ကောက်ညှင်းစပါးများ ဝယ်ယူ၍ အသင်းပိုင်ဆန်စက်တွင် တစ်ရက်လျှင် တန် ၃၀ အိတ် ၁၀၀၀ ကြိတ်ခွဲနိုင်ပြီး ဆန်လုံးချောများကို ကီလိုဂရမ်ဖြင့်    အသင်းသားများနှင့်    စားသုံးသူများထံသို့   လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်