ပြန်ကြားရေးနှင့် အသိပညာပေးရေးလုပ်ငန်းများကို ထိရောက်အောင်မြင်အောင် အကောင်အထည်ဖော်

 

နေပြည်တော်   မတ်   ၁၆


ပြန်ကြားရေးဝန်ကြီးဌာန    ဒုတိယ ဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့ နံနက်ပိုင်းတွင်     ကလေးခရိုင် ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန        စာကြည့်တိုက်၊ ပြတိုက်ငယ်နှင့်     ကလေးစာဖတ် ခန်းတို့ကို        ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးနှင့်       ဝန်ထမ်းများ၊ မြန်မာ့အသံနှင့်     ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်   စက်ရုံတာဝန်ခံတို့ နှင့်တွေ့ဆုံပြီး လုပ်ငန်းဆောင်ရွက် မှုများအတွက်   တွေ့ဆုံမှာကြား သည်။ ယင်းနောက်   ဝန်ထမ်းများ ၏  တင်ပြချက်များကို   ဆွေးနွေး ညှိနှိုင်း၍        လိုအပ်သည်များ ဖြည့်ဆည်းမှာကြားခဲ့သည်။

 


ထို့နောက်   ဒုတိယဝန်ကြီး သည် ခရိုင်အဆင့်  တာဝန်ရှိသူများ နှင့်အတူ  ကလေးမြို့   အမှတ်(၁)အခြေခံပညာ       အထက်တန်း ကျောင်းတွင်     တက္ကသိုလ်ဝင် စာမေးပွဲ   အေချမ်းစွာ ဖြေဆိုနေမှု ကို သွားရောက်ကြည့်ရှုပြီး ခရိုင် ပညာရေးမှူး၊   မြို့နယ်ပညာရေး မှူး၊ ဆရာ  ဆရာမများ၊ အေးချမ်း စွာ  ဖြေဆိုရေး  ကူညီဆောင်ရွက် ပေးကြသောဝန်ထမ်းများ၊ လုံခြုံရေး အဖွဲ့များနှင့်  တွေ့ဆုံ၍  ကျေးဇူး တင်စကား ပြောကြားခဲ့သည်။

 


မွန်းလွဲပိုင်းတွင်   ကလေးမြို့ နေသာကျောင်းတိုက်သို့  ရောက်ရှိ ပြီး     နေသာဆရာတော်   ဘဒ္ဒန္တ ဓမ္မိကအား     လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း        ပူဇော်ပြီး နေသာပရဟိတ  စာသင်ကျောင်း နှင့် နေသာစာကြည့်တိုက်အတွက် ပြန်ကြားရေး    ဝန်ကြီးဌာနနှင့် စေတနာရှင်များက   လှူဒါန်းသော ငွေကျပ်   သိန်း  ၂၀ နှင့် စာအုပ် စာစောင်များ   လှူဒါန်းကာ ဆရာ တော်က  ယနေ့ခေတ်လူငယ်များ ငယ်စဉ်ကတည်းက   အသိပညာ ဗဟုသုတပြည့်စုံရေးနှင့်  အတွေး အခေါ် အလုပ်အကိုင် မှန်ကန်စေ ရေး  အလေးထား ဆောင်ရွက်ပေး စေလိုကြောင်း        မိန့်ကြားရာ    ဒုတိယဝန်ကြီးက   နိုင်ငံတော်က          လူငယ်များ အသိပညာပေးလုပ်ငန်း များနှင့်   ဗလငါးတန် ပြည့်ဝသော လူငယ်များ ပေါ်ပေါက်လာစေရန် ဆောင်ရွက်နေမှုများကို   ရှင်းလင်း လျှောက်ထားခဲ့သည်။

 


ယနေ့        မွန်းလွဲပိုင်းတွင်  စဉ့်ကိုင်မြို့နယ်   ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး    ဦးစီးဌာန ရုံးကို  ကြည့်ရှုစစ်ဆေးပြီး စဉ့်ကိုင် မြို့နယ်နှင့်  တံတားဦးမြို့နယ်ရုံး တို့မှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ အား တွေ့ဆုံ၍     လုပ်ငန်းဆိုင်ရာ များ မှာကြားသည်။

 


ထို့နောက်  ကျောက်ဆည်ခရိုင် ရုံးတွင်            ခရိုင်လက်ထောက် ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ မြစ်သားမြို့နယ် ဦးစီးအရာရှိနှင့် ဝန်ထမ်းများအား    တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ   မှာကြားပြီး ခရိုင်ရုံးတွင်    ဖွင့်လှစ်ထားသော အင်္ဂလိပ်စာ      အခြေခံသင်တန်း တက်နေသည့်    ကျောင်းသား ကျောင်းသူများနှင့်       တွေ့ဆုံ အားပေးစကား  ပြောကြားသည်။

 


ဒုတိယဝန်ကြီးက    ဝန်ထမ်း များနှင့် တွေ့ဆုံစဉ်   ပြန်ကြားရေး နှင့် အသိပညာပေးရေး လုပ်ငန်း များကို     ထိရောက်အောင်မြင် အောင် အကောင်အထည်ဖော်ရေး၊ မိမိရုံးနှင့်   စာကြည့်တိုက်တို့ကို ပြည်သူလူထုနှင့်  လူငယ်များက အားကိုးချင်စိတ်           ရှိလာအောင် စည်းရုံးပြီး  စာဖတ်သူ၊ စာငှားသူ များပြားအောင်ဆောင်ရွက်ရေး၊ ဝန်ထမ်းကောင်းပီသစွာ   တာဝန် ကျေပွန်စွာ      ထမ်းဆောင်ရေး၊ မီးဘေးလုံခြုံရေး   ဂရုပြုရန်တို့ကို မှာကြားခဲ့သည်။        

 

သတင်းစဉ်