တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ရခိုင်ပြည်နယ် မြေပုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

 

နေပြည်တော်   မတ်   ၁၅


ရခိုင်ပြည်နယ်အတွင်းရှိ           ကမ်းရိုးတန်းဒေသ တစ်လျှောက်မှ  ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ   ဆောင်ရွက်ပေးရန်  တပ်မတော်နှင့်        ကျန်းမာရေးဝန်ကြီးဌာနတို့မှ နယ်လှည့်အထူးကုဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည် ယနေ့တွင် မြောက်ဦးခရိုင် မြေပုံမြို့ရှိ ဆိပ်ခံ တံတားသို့ရောက်ရှိရာ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများက သောင်းသောင်း ဖြဖြ ကြိုဆိုကြသည်။

 

အဆိုပါ နယ်လှည့်အထူးကု ဆေးအဖွဲ့သည်  မြေပုံမြို့ရှိ   ပညာ့ဗိမာန်ရိပ်သာ ပရိယတ္တိစာသင်တိုက်၌   အခြေပြု၍    အဆိုပါမြို့ အတွင်းရှိ ကျေးရွာများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၁၄၅၉ ဦးကို ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

 


ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၅၇၂ ဦး၊ ခွဲစိတ်ရောဂါ ၄၁ ဦး၊ သားဖွား/ မီးယပ် ရောဂါ ၃၉ ဦး၊ ကလေးရောဂါ ၆၈ ဦး၊ အရိုးရောဂါ ၁၉၇ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ  ၉၆ ဦး၊ မျက်စိရောဂါ ၃၃၃ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၁၁၃ ဦးတို့ကို လိုအပ်သည့်   ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။   ထို့အပြင်   ခွဲစိတ်ကုသရန် လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ခြောက်ဦး၊ မျက်စိ ခွဲစိတ်လူနာ   ၁၄ ဦး၊   ဓာတ်မှန်ရိုက်လူနာ  သုံးဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၉၆ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၁၁၇ ဦးနှင့် ဓာတ်ခွဲ စမ်းသပ်လူနာ ၃၉ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများ   ဆောင်ရွက်ပေးပြီး   ဆေးရုံ တက်ရောက်ကုသရန်လိုအပ်သူ နှစ်ဦးကို နီးစပ်ရာ တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေးစီစဉ်ဆောင်ရွက်ပေးသည်။

 


ယင်းသို့ဆောင်ရွက်ပေးနေမှုများကို အနောက် ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက   သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးသည်။
ကျန်းမာရေးဆောင်ရွက်ပေးမှုအပေါ်   ဒေသခံ ပြည်သူများ၏ စကားသံများကို ယခုလိုပဲ ကြားသိခဲ့ရ သည်-


“တပ်မတော်ပင်လယ်သွားဆေးကုသင်္ဘောကြီးလာရောက်မယ်ဆိုတာကြေညာထားပြီး ပါရဂူတွေ လည်းပါမယ်ဆိုတော့  လာရောက်ပြသဖြစ်တာပါ။ ပင်လယ်သွားသင်္ဘောကြီး လာမယ်ဆိုတာသိတော့ ဝမ်းသာနေတာပါ။  မြေပုံမြို့နယ်က  ကျွန်းစုတွေနဲ့ ဖွဲ့စည်းထားတဲ့မြို့နယ်ပါ။ တခြားမြို့တွေ စစ်တွေ တို့၊ ကျောက်ဖြူတို့၊ ရန်ကုန်တို့ သွားဖို့ဆိုတာက ဒီက သူတွေက တော်တော်အလှမ်းဝေးပါတယ်။ သမား တော်ကြီးတွေ၊   ပါရဂူကြီးတွေ   မြို့ပေါ်အရောက် အိမ်တိုင်ရာရောက် လာရောက်ကုသပေးတဲ့အတွက် အထူးပဲဝမ်းသာမိပါတယ်။ ဒေသခံတွေအတွက်လည်း အကျိုးဖြစ်ထွန်းပါတယ်။ ပါရဂူတွေက ကိုယ့်မြို့နယ် ထဲကို လာရောက်ကုသပေးတဲ့အတွက် လူတန်းစား မရွေး လာရောက်ကုသကြတာပါ။ အလွှာစုံပါပါတယ်။ ကိုယ့်ဆီမှာက ရှင်းရှင်းလင်းလင်းပြောရရင် အထွေ ထွေရောဂါကုဆရာဝန်ပဲရှိပါတယ်။ ပါရဂူကြီးတွေက ကိုယ်မြို့ကိုလာရောက်ပေးတဲ့အတွက် အားကိုးတာ လည်းပါတာပေါ့။ နောင်နှစ်နောင်နှစ်တွေမှာလည်း တစ်နှစ်ကိုတစ်ကြိမ် လာရောက်ကုသပေးစေချင်ပါ တယ်။   ဒီလိုမျိုးကုသဖို့စီစဉ်ပေးတဲ့    သက်ဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်ကိုလည်း အထူးကျေးဇူးတင် ပါတယ်”
“သွားရေးလာရေးခက်ခဲတဲ့ဒေသတွေကို တကူး တက လာရောက်ကုသပေးတဲ့ အထူးကုဆရာဝန်ကြီး တွေကို   ကျွန်တော့်ဘက်ကနေပြီး  လုပ်အားဒါန ကို  ရှိတဲ့လူအင်အားနဲ့   ကူညီဆောင်ရွက်ပေးရလို့ အတိုင်းမသိဝမ်းသာမိပါတယ်။ အလွန်ကောင်းတဲ့ အစီအစဉ်လို့ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သွားလာရခက်ခဲတဲ့ဒေသရဲ့  တောသူတောင်သား လယ်သမား     မပြည့်မစုံတဲ့သူတွေအတွက်     မြို့ကို တက်ပြီးဆေးကုသဖို့ဆိုတာရယ်၊ သွားလာရတာရယ်၊ ငွေရေးကြေးရေးရယ်၊ အချိန်ရယ် အခက်အခဲတွေ အများကြီးရှိပါတယ်။ အခုလိုဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပြီး ကျန်းမာရေးအဆင်ပြေအောင်လုပ်ပေး တဲ့အတွက် အလွန်ကို ကျေနပ်မိပါတယ်။ ဒေသခံတွေ ကိုယ်စား ကျေးဇူးလည်းတင်ပါတယ်။”

 

သတင်းစဉ်