
နေပြည်တော် မတ် ၁၅
ကမ္ဘာ့စားသုံးသူအခွင့်အရေးများ နေ့ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ပျဉ်းမနားခရိုင် ထွေ/အုပ်ရုံး၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော် စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးဇေယျာလင်းက စားသုံးသူအခွင့် အရေးများနေ့သည် စားသုံးသူ ပြည်သူများအတွက် စဉ်းစားပေး သည့် အထိမ်းအမှတ်နေ့တစ်ခု ဖြစ်ပါကြောင်း၊ ပြည်ထောင်စု နယ်မြေ နေပြည်တော် စားသုံးသူ ရေးရာကော်မတီဝင်များ အနေဖြင့် လည်း စားသုံးသူများ၏ အစား အသောက်အပါအဝင် ကုန်ပစ္စည်း များ ဘေးကင်းလုံခြုံစွာ ဝယ်ယူ အသုံးပြုနိုင်ရေးအတွက် ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းများ၊ အစားအသောက် လုံခြုံမှုရရှိစေ ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ များ၊ ဈေးနှုန်းမှန်ကန်စေရေးများ ကို ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် စားသုံးသူရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုက စားသုံးသူပြည်သူများ နှင့် လုပ်ငန်းရှင်များအား စားသုံး သူရေးရာဦးစီးဌာနမှ အသိပညာ ပေးလုပ်ငန်းများ ဆောင်ရွက်ပေး နေမှု အခြေအနေများကိုလည်း ကောင်း၊ နေပြည်တော်စားသုံးသူ ရေးရာဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးခမ်လျန်စွမ်းက စားသုံးသူ အခွင့်အရေးများနေ့ အကြောင်း သိကောင်းစရာများကိုလည်း ကောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်း သား ကျောင်းသူများအား နေပြည် တော် စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများ က ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ သည်။
အောင်ကို(ပြန်/ဆက်)