ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်းများမှ မိမိသဘောဆန္ဒဖြင့် နေရပ်ပြန်ကြမည့် ယာယီတိုက်ပွဲရှောင်သူ အိမ်ထောင်စုဝင်များကို ထောက်ပံ့ငွေနှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

 

နေပြည်တော်   မတ်    ၁၅


ချင်းပြည်နယ်    ပလက်ဝမြို့နယ် အတွင်းရှိ    ယာယီခိုလှုံရာစခန်း များ၌        ခေတ္တခိုလှုံနေထိုင်လျက် ရှိသော     ယာယီတိုက်ပွဲရှောင်သူ အိမ်ထောင်စုဝင်     မိသားစုများ သည် ၎င်းတို့၏ သဘောဆန္ဒဖြင့် မူလနေရပ်ဒေသများသို့ ပြန်လည် နေထိုင်ကြမည်ဖြစ်ရာ   အဆိုပါ ယာယီတိုက်ပွဲရှောင်သူ      အိမ် ထောင်စုဝင်များ   လတ်တလော စားသောက်နေထိုင်ရေး   အဆင် ပြေစေရန်အတွက် ထောက်ပံ့ငွေ နှင့်       လူသုံးကုန်ပစ္စည်းမျိုးစုံ ထောက်ပံ့ပေးအပ်ခြင်းကို  မတ် ၁၄ ရက် နံနက်ပိုင်းတွင် ပလက်ဝ မြို့    ကီမိုခန်းမ၌    ပြုလုပ်ရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ     တာဝန်ရှိသူများနှင့် နေရပ်ပြန် အိမ်ထောင်စုဝင်များ တက်ရောက်ကြသည်။ 

 


ဦးစွာ    တာဝန်ရှိသူများက အားပေး       အမှာစကားများ ပြောကြားကြသည်။ ထို့နောက် တာဝန်ရှိသူများက ချင်းပြည်နယ် အစိုးရအဖွဲ့က   ထောက်ပံ့သည့် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၅၀၀၀၀၀ နှုန်းဖြင့် အိမ်ထောင်စု ၂၀ အတွက် ငွေကျပ်သိန်း ၁၀၀ ကိုလည်းကောင်း၊ ဘေးအန္တရာယ် ဆိုင်ရာ   စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့်    အိမ်ထောင်စု တစ်စုလျှင်   ငွေကျပ်  ၁၀၀၀၀၀ နှုန်းဖြင့် ငွေကျပ် သိန်း  ၂၀  ကို လည်းကောင်း၊   ဘေးအန္တရာယ် ဆိုင်ရာ    စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ဆန်ရိက္ခာဖိုးငွေ တစ်လစာအတွက် လူတစ်ဦးလျှင် ၉၀၀၀ ကျပ်နှုန်းဖြင့် လူဦးရေ ၁၀၅ ဦးအတွက်   ထောက်ပံ့ငွေကျပ် ၉၄၅၀၀၀   ကိုလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ    ထောက်ပံ့သည့် အိမ်ထောင်စုတစ်စုလျှင် လူသုံးကုန် ပစ္စည်း ၁၇  မျိုးပါသည့်  Family Kit  တစ်ပုံးနှုန်းဖြင့် Family Kit  ပုံး ၂၀ ကိုလည်းကောင်း  စခန်း တာဝန်ခံများထံ      ထောက်ပံ့ ပေးအပ်ကြသည်။

 


ဆက်လက်၍ ပြည်နယ်အစိုးရ အဖွဲ့နှင့်   တပ်မတော်တို့မှ   စီစဉ် ဆောင်ရွက်ပေးမှုဖြင့်   ပလက်ဝ မြို့နယ်အတွင်းရှိ    ယာယီခိုလှုံရာ စခန်းများမှ   ၎င်းတို့၏   နေရပ် အသီးသီးသို့ ပြန်လည်သွားရောက် နေထိုင်ကြမည့်    ယာယီတိုက်ပွဲ ရှောင်သူ အိမ်ထောင်စုဝင်များ၏ အိမ်သုံးကုန်      ပစ္စည်းများအား နယ်မြေခံ    တပ်မတော်သားများ၊ မြန်မာနိုင်ငံ    ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်   ဌာန ဆိုင်ရာ ဝန်ထမ်းများက စက်လှေ များပေါ်သို့           ကူညီသယ်ယူ ပို့ဆောင်ပေးကြပြီး   ၎င်းတို့၏ နေရပ်       ကျေးရွာများအရောက် အခမဲ့    ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်