ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ စာစစ်ဌာနများသို့ သွားရောက်၍ ၂၀၂၃ ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲ ဆဋ္ဌမနေ့ သိပ္ပံဘာသာတွဲ ဇီဝဗေဒဘာသာရပ်နှင့် ဝိဇ္ဇာဘာသာတွဲ ဘောဂဗေဒဘာသာရပ် စာမေးပွဲဖြေဆိုနေမှုများ လှည့်လည်ကြည့်ရှုအားပေး

 

နေပြည်တော်   မတ်   ၁၅


ပညာရေးဝန်ကြီးဌာန        ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည်  ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊  ပြည်နယ်ဝန်ကြီးများနှင့်အတူ  ယနေ့ နံနက်ပိုင်းတွင်   ပုဏ္ဏားကျွန်းမြို့    အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာန၊  အလယ်စုရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) စာစစ်ဌာန၊ ရွာဟောင်းရပ်ကွက်      အခြေခံပညာမူလတန်း လွန်ကျောင်း  စာစစ်ဌာနနှင့်   စံပြရပ်ကွက်  အခြေခံ ပညာမူလတန်းလွန်ကျောင်း     စာစစ်ဌာနများသို့ သွားရောက်ကြည့်ရှုအားပေးသည်။

 


ဦးစွာ  ပြည်ထောင်စုဝန်ကြီးနှင့်  ရခိုင်ပြည်နယ် ဝန်ကြီးချုပ်တို့သည်      စာမေးပွဲ      ဖြေဆိုကြမည့် ကျောင်းသား  ကျောင်းသူများ၊  လိုက်ပါပို့ဆောင် ပေးကြသည့်   ကျောင်းသားမိဘများ၊     ရပ်မိရပ်ဖ များကို     ရင်းရင်းနှီးနှီး     နှုတ်ဆက်အားပေးပြီး ကျောင်းသား    ကျောင်းသူများ၏   သိပ္ပံဘာသာတွဲ ဇီဝဗေဒဘာသာရပ်နှင့် ဝိဇ္ဇာဘာသာတွဲ ဘောဂဗေဒ ဘာသာရပ်    အေးချမ်းစွာ      ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။ 

 


ထိုသို့  အားပေးကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီး က  စာမေးပွဲကြီးကြပ်ရေးမှူးများနှင့် တာဝန်ကျဆရာ ဆရာမများအနေဖြင့် မိမိတို့ကျရာတာဝန်  အခန်း ကဏ္ဍအလိုက် ဝိုင်းဝန်းလက်တွဲ ကြိုးပမ်းဆောင်ရွက် ကြရန်နှင့်  ကျောင်းသား  ကျောင်းသူများ  စာမေးပွဲ ဖြေဆိုစဉ်အတွင်း စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေး အတွက်      အလေးထားဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်း မှာကြားသည်။  

 


ယင်းနောက် စာသင်ကျောင်းအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးကာ ကျောင်း၏ ဥပဓိရုပ်ကောင်းမွန် စေရေးအတွက် စာသင်ဆောင် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ၊   စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ၊ လိုအပ်သည့်      ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများကို လာမည့်ကျောင်းဖွင့်ချိန်မတိုင်မီ   ဆောင်ရွက်ထား ကြရန်မှာကြားပြီး   အဆိုပါကျောင်းများရှိ   စာသင် ဆောင်များ တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေး ကာ လိုအပ်သည်များကို ထပ်မံ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။

 


ရခိုင်ပြည်နယ်တွင်    ခရိုင်   ခုနစ်ခု၊   မြို့နယ် ၁၇ မြို့နယ်ရှိ စာစစ်ဌာနများတွင်  ဆဋ္ဌမနေ့  သိပ္ပံ ဘာသာတွဲ ဇီဝဗေဒဘာသာရပ်အား စာမေးပွဲဖြေဆို ရန် ၂၂၁၄  ဦး  စာရင်းပေးသွင်းကြပြီး  ၁၈၉၁   ဦး ဝင်ရောက်ဖြေဆိုကြရာ ရာခိုင်နှုန်းအားဖြင့် ၈၅ ဒသမ ၄၁ ရာခိုင်နှုန်း ဖြစ်၍ ဝိဇ္ဇာဘာသာတွဲ  ဘောဂဗေဒ ဘာသာရပ်အား  စာမေးပွဲဖြေဆိုရန်  ၁၆၆၇၁  ဦး စာရင်းပေးသွင်းကြပြီး ၁၄၅၆၀ ဦး ဝင်ရောက်ဖြေဆို ကြရာ ရာခိုင်နှုန်းအားဖြင့်  ၈၇ ဒသမ ၃၄   ရာခိုင်နှုန်း ဖြစ်သည်။           

                     

သတင်းစဉ်