မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာတွင် အသုံးပြုနိုင်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်း

 

နေပြည်တော် မတ်   ၁၅


မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး   တည်ထား ကိုးကွယ်ရာတွင် အသုံးပြုနိုင်ရေးအတွက် စေတနာ ရှင် အလှူရှင်များက အလှူငွေများ  လှူဒါန်းခြင်းကို ယနေ့ညနေပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ် ဧည့်ခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူများ၊   အလှူရှင်နှင့်     မိသားစုဝင်များ တက်ရောက်ကြသည်။

 


အလှူရှင်ဖြစ်သော     ကောင်းကင်ကုမ္ပဏီလီမိ တက် ဥက္ကဋ္ဌ ဦးရဲရင့်အောင်နှင့် မိသားစုက မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး   တည်ထားကိုးကွယ်ရာ၌ မုခ်ဦး (အကြီး)တည်ဆောက်ရန်အတွက် အလှူငွေ ကျပ် ၂၈၆၅ သိန်းနှင့် မုခ်ဦး(အသေး) တည်ဆောက်ရန် အတွက် အလှူငွေကျပ် သိန်း ၁၂၂၀ တို့ကို ပေးအပ် လှူဒါန်းရာ   တိုင်းမှူးက လက်ခံရယူပြီး   ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ကာ  ကျေးဇူးတင် စကား   ပြန်လည်ပြောကြားခဲ့ကြောင်း  သတင်းရရှိ သည်။  

                                           

သတင်းစဉ်